"ဘာလို့ငိုနေတာလဲ? သား.."

အခုမှရေချိုးဝင်လာတဲ့ရှင်းသန့်က့်ကလည်း သားငိုနေတာကြောင့်သားကိုချီကာ မေးလာသည်။

"ပါပါး ခါးခါးရူးပေး ဟင့် ရွှတ်...
ပါပါးပဲရူးပေး ရွှတ်.."

"အင်းပါ သားရယ် ပါပါးလူးပေးမယ် တိတ်တော့နော်.."

မျက်ရည်တွေရောနှာရည်တွေရောသုတ်ပေးလိုက်ပြီး ရှင်းသန့်ကို သားကိုချီကာအခန်းထဲဝင်လိုက်သည်။ နောင်ကတော့ အင်္ကျီလဲရင်း သူတို့သားဖကိုစိုက်ကြည့်နေသည်။ ရှင်းသန့်လ့်လည်း သူ့ကိုမသိချင်ယောင်ဆောင်လိုက်ပြီး သားကိုသနပ်ခါးလူးပေးလိုက်သည်။

ခဏကြာတော့ နောင်ထွက်သွားပြီး ထမင်းပန်းကန်တွေသွားထည့်နေသည်။

"အဝတ်အစားလဲပြီးရင် လာကြတော့.."

နောင့်အခေါ်စောင့်နေတဲ့သားဖ၂ယောက်ကလည်း နောင့်အသံကြားသည်နှင့်ထမင်းစားခန့်ထဲကိုအမြန်ပြေးသွားကြသည်။

သူ့ပန်းကန်ထဲကိုဟင်းတွေခပ်ထည့်ပေးပေမယ့် စကားမပြောတာကြောင့် ရာရှင်းသန့်တ့်တစ်ခုခုကိုကောက်နေပြီဆိုတာနောင်သိလိုက်ရပြီဖြစ်သည်။ ခုနက ဆူလိုက်တာနဲ့ပတ်သတ်ပြီး ရာရှင်းသန့်က သူ့ကိုကောက်နေခြင်းဖြစ်သည်။

"ရှင်းသုတနောင် လာ ဖေဖေ ခွန့်ကျွေးမယ်..."

"ပါပါးပဲခွန့်.."

"မင်းပါပါးကဇွန်းနဲ့စားနေတာ မင်းဘယ်လိုလုပ်ဝင်မှာလဲ?.."

"ပါပါးကျွေးရာပဲစားမှာ.."

"မင်းကတော့လေ.."

နောင် ရှင်းသန့်ပေါင်ပေါ်မှာကပ်နေပြီး ခွာလို့မရတဲ့သားဖြစ်သူကြောင့် နောင်ဘာမှဆက်ပြောမနေတော့ဘဲ ထမင်းသာဆက်စားနေလိုက်သည်။ ရှင်းသန့်ကတော့ သူ့ကိုစကားတစ်ခွန်းမှမပြော။

ထမင်းစားပြီးတော့ ရှင်းသန့်က့်ကပန်းကန်ဆေးဖို့ပြင်သည်။

"ပါပါး ဆေးနဲ့...
အိပ်မယ်..."

"မင်းပါပါးမဆေးလို့ရမလား အိမ်မှာဘာအလုပ်မှမလုပ်ဘဲ ထိုင်စားနေတာ ထမင်းပန်းကန်တော့ဆေးရမှာပေါ့.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Dove le storie prendono vita. Scoprilo ora