"သားကအပင်သေးသေးတွေကိုပဲကိုင်တာပါ.."

"ဘာပဲကိုင်ကိုင်လေ...
ကလေးကငယ်ငယ်လေးပဲရှိသေးတာကို..
လက်တွေယားလို့ကုတ်ရင်အနာတွေဖြစ်မယ်..
ဒီအရွယ်လေးတွေကို ဘာမှမခိုင်းသင့်ဘူးလေ..."

"ကိုယ်က သားဆော့လို့ရအောင်လို့ပါ...
အိမ်ထဲမှာနေတော့ ပျင်းနေတာနဲ့.."

"ကျုပ် ကစားစရာတွေဝယ်ပေးထားသားပဲ...
ပြီးတော့ ခင်ဗျားကိုလည်းဒါတွေလုပ်ခိုင်းလို့လား...
ကျစ် အရေးမပါတွေ..."

ပြောပြီး နောင်ကသားကိုချီကာထွက်သွားသည်။ ရှင်းသန့် ဝမ်းနည်းသည်။ သူကနောင့်ကိုကူညီချင်လို့ လုပ်ခဲ့တာကို နောင်ကအခုလိုမျိုးပြော သူစိတ်ထဲမကောင်း။ သားကိုပျင်းနေမှာစို့လို့ ဘေးကနေပဲ ကြည့်ခိုင်းထားတာကို သားကဗွက်တွေကိုင်ပြီးဆော့လေသည်။ အပင်သေးသေးလေးတွေဆွဲနှုတ်ပေးပြီး သူလည်းကူညီပါတယ် ရှင်းသန့်ကို လာလာပေးသည်။ ရှင်းသန့်လ့်လည်း သားပျော်ရင်ပြီးရောဆိုပြီး လွှတ်ထားပေးလိုက်မိခြင်းဖြစ်သည်။

"ဟိုတစ်ယောက် ဘာရပ်လုပ်နေတာလဲ?...
ရေမချိုးဘူးလား.."

"နောင်တို့အရင်ချိုးလိုက်ပါ ကိုယ်ပြီးမှချိုးမယ်.."

ရှင်းသန့် ထိုမျှသာပြောလိုက်ပြီး အိမ်ထဲကိုဝင်လာလိုက်သည်။ နောင်ကလည်း ရှင်းသန့်ကိုကြည့်ပြီး ခေါင်းသာခါနေသည်။

"လာ သား ဖေဖေရေချိုးပေးမယ်...
စိတ်ကောက်နေတဲ့သူတွေကိုမချိုးပေးဘူး.."

နောင် ရေချိုးပေးတော့ သားကငြိမ်ပြီးချိုးသည်။ သားဖ၂ယောက်ရေချိုးပြီးတော့ နောင်လည်း သားကိုပုဆိုးတစ်ထည်နဲ့သုတ်ပေးပြီး သနပ်ခါးလူးပေးဖို့ပြင်လိုက်သည်။ ရှင်းသန့်ကတော့ သူတို့သားဖ၂ယောက်ပြီးတာနဲ့ ရေချိုးနေသည်။

"ဒီနားကိုလာ ဖေဖေခါးခါးလူးပေးမယ်.."

"အဟင့် ဟင့် အူးဝါး ပါပါးရူးပေး ဟင့် ရွှတ်..
ပါပါးပဲရူးပေး ဟင့် ဟင့် ပါပါး.."

တဖြည်းဖြည်း မျက်နှာကိုမဲ့ပြီးငိုနေတဲ့သားဖြစ်သူကြောင့် နောင်အယောင်ယောင်အနနနဲ့ သားအနားကိုသွားတော့ သားက သူ့ကိုအကပ်မခံဘဲ သူ့ပါပါးဆီကိုပြေးသွားသည်။
တကယ့်ကို ပါပါးချစ်သားလေး...

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now