[𝐙𝐚𝐰𝐠𝐲𝐢]"JongIn ရေငါတို့တော့ပြသနာ တတ်ပြီ .!"
Sehun JongIn ရဲ့ အလုပ်ခန်းထဲကို အလောတကြီးပြေးဝင်ကာ မျက်နှာအမူအရာကလဲ တစ်ခုခု ပျောက်တဲ့အနေအထား ။
အရေးတကြီးသုတ်ပြာ ဝင်လာတဲ့ Sehun ကိုမြင်တော့ ကွန်ပျူတာ ခလုတ်ပေါ်မှာ ပြေးလွှားနေတဲ့ လက်ချောင်း တုတ်တုတ် တို့က ရပ်တန့်ကာ ချစ်ရသူကိုမော့ကြည့်မိသည်။
ထိုင်နေရာမှထကာ ချစ်ရသူထံ အမြန်သွားရသည်။ ပခုံးနှစ်ဖက်ကို အသာကိုင်ကာ"ဘာဖြစ်လာတာလဲ Hun"
" ဦးလေး...ဦးလေးပျောက်သွားပြီ ..! ဘယ်လိုလုပ်ရမလဲ ဟင့်...ဟင့်"
"တွေ့မှာပါကွာ လာကိုယ်တို့တူတူရှာကြမယ်"
အိမ်ခြံဝန်းမှာ အရမ်းကြီးမကျယ်လို့ ကျေးဇူးတင်ရမည်။ မဟုတ်ရင် ရှာရလွယ်မည်မဟုတ်
အိမ်အပေါ်ထပ်အောက်ထပ် ခြံထဲ နေရာနံ့နေပြီဖြစိသော်လည်း မတွေ့ပေ ။ အရိပ်အယောင် တောင် မတွေ့တော့ပေ"ငါထင်တာ မဟုတ်ပါစေနဲ့"
တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ကာ JongIn က အရင်ခေါင်းငြိမ့်ပြတော့ နောက်တစ်ယောက်ကပါ ငြိမ့်ပြသည်။
သူတို့နှစ်ယောက်နဲ့အတွေးက အိမ်ကြီးဆီသို့ သွားကြည့်ရန်ဖြစ်သည်။ အကြောင်းမှာ Sehun ရဲ့ဦးလေးသည် ထို အိမ်မှလွဲလို့ ကျန်တဲ့နေရာသို့မသွားတတ်။ Sehun နဲ့ JongIn တို့၏ ခြေလှမ်းသည် အိမ်ကြီးဆီသို့ဦးတည်လိုက်သည်။༒༒༒༒ɪɴꜱɪᴅɪᴏᴜꜱ༒༒༒༒
Chan တစ်ယောက်ကတော့လေ သူက အလုပ်သွားတော့ ကိုယ်က တစိယောက်တည်းကျနမခဲ့ ။ တကယ် အလုပ်လုပ်ချင်ပါတယ်ဆိုတော့ ပေးမလုပ် ပင်ပန်းတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ တစ်အိမ်လုံးမှာ တစ်ယောက်တည်း ပျင်းလိုက်တာ အဖော်လေးတစ်ယောကိလောက်ရှိရင်ကောင်းမယ် ။
ဗိုက်ကလဲ ဆာလာပြီ ။ အဒေါ်ကြီးတို့ဆီ သွားပူဆာလိုက်အုံးမယ်။" အဒေါ်.. ကျွန်တော်ဗိုက်ဆာလို့ အဲ့ဒါ ထမင်းစားချိန်လဲ မရောက်သေးတော့ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီ လေးလုပ်ပေးပါလား"
"ဟုတ်ကဲ့ အကိုလေး"
စားချင်တာပြောပြီး စားပွဲပေါ်ထိုင်စောင့်နေလိုက်သည် အဒေါ်ကြီးက စားစရာ ရတော့ လာချပေးပြီး သူလုပ်စရာရှိတာ ဆက်လုပ်နေသည်။
ခေါင်းမဖော်တမ်းစားပြီးမှ ပန်းကန်ဆေးပြီး အပေါ်ကို ပြန်တက်မည်အလုပ် တစ်ယောက်ယောက်ရဲ့ခေါ်သံကို ကြားလိုက်သည်။
YOU ARE READING
𝐈𝐍𝐒𝐈𝐃𝐈𝐎𝐔𝐒
Fanfictionလျှို့ဝှက်သည်းဖို အိမ်ကြီးမှာ ရှိတဲ့ ပြသနာ အခက်အခဲ တွေကို ရင်ဆိုင်ဖြေရှင်းမယ့် လူငယ် တစ်စု သရဲဆိုတာ တစ်ကယ်ရှိလား?