"အိုကွယ် တောင်းပန်စရာမလိုပါဘူး...
သားငယ်ချစ်တဲ့သူပဲဟာ မေမေလည်းချစ်ပေးရမှာပေါ့.."

"ကျေးဇူးတင်ပါတယ် မေမေ...
သားကိုမမုန်းလို့.."

"ဘာလို့မုန်းရမှာလဲ?သားရယ်...
သားက မေမေ့သားပဲကို...
မေမေလည်းမမုန်းသလို သားဖေဖေလည်းသားကိုမမုန်းပါဘူး..
သားတို့ရောက်တဲ့နေ့ကဆို သူ့မြေးကိုချီချင်တာ လက်တကားကားနဲ့ သားရှေ့မှာမို့လို့သာမချီတာ...
မေမေအခန်းထဲကိုချီသွားတုန်းကဆို အခန်းထဲရောက်ရောက်ချင်းပဲရှိသေးတယ် သူ့မြေးကိုပေးပေးဆိုပြီး တောင်းနေတာ..
ဒီအဆိုးလေးကလည်းမလွယ်ဘူး သူ့အဖိုးလက်ပေါ်ရောက်မှရှူးပေါက်ချတယ်လေ တကယ့်ကိုမလွယ်ကြောလေး.."

ဒေါ်နှင်းဆီပြောသမျှကို ရှင်းသန့်ြ့်ပြုံးပြီးနားထောင်နေသည်။

"နာမည်ဘယ်လိုပေးမယ်လို့စဉ်းစားထားလဲ?..."

"ရှင်းသုတနောင်..."

"ရှင်းသုတနောင် နာမည်လေးကချစ်စရာလေးပဲ.."

"ဟုတ်ကဲ့ မေမေ...
နောင့်နာမည်အရင်းက နောင်သုတလေ.."

"သြော်..
နာမည်လေးရော လူလေးရောချစ်ဖို့ကောင်းတယ် နော် မြေးလေး...
ကဲ မြေးကိုသိပ်လိုက်ဦး မေမေနေ့လယ်စာသွားပြင်ထားလိုက်မယ်..."

"ဟုတ်ကဲ့ မေမေ..."

ပြောပြီး မေမေကအခန်းထဲကထွက်သွားသည်။ ရှင်းသန့်လ့်လည်း သားအိပ်ပျော်သည်အထိ ချော့သိပ်လိုက်သည်။

"အရမ်းလွမ်းတာပဲ နောင်ရယ်..."

ဒီအချိန် နောင်ဘာတွေများလုပ်နေမလဲ?...
သူ့ကိုများလွမ်းနေလား...
မလွမ်းလောက်ပါဘူး နောင်ကသူ့ကိုချစ်မှမချစ်ဘဲ...
နောင်ချက်ကျွေးတဲ့ဟင်းတွေလည်းလွမ်းတယ် အမြဲဆူနေတဲ့ နောင့်ရဲ့ဆူသံတွေကိုလည်းလွမ်းတယ်...
ကိုယ်တို့ ဘယ်တော့မှတွေ့ရမှာလဲ?.......




_______________________________

"နောင်နောင်.."

နောင် မုန်လာခင်းနဲ့ချဉ်ပေါင်ခင်းကိုရေဖြန်နေရင်း လူတစ်ယောက်ဝင်လာသည်။

"မင်းဘာကိစ္စရှိလို့လဲ? နေထူး..
့ငါ့မှာ မင်းနဲ့ပြောစရာဘာစကားမှမရှိဘူး.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Donde viven las historias. Descúbrelo ahora