" ဒီလက်ကို ကျွန်တော် ဘယ်တော့ တွဲခွင့်ရမလဲဗျ "

ဖြန့်ထားဆဲ သူ့လက်ဖဝါးရယ် ၊ ထိုလက်ဖဝါးအပေါ် တင်ထားတဲ့ ကောင်လေးရဲ့ လက် ဖြူဖြူသွယ်သွယ်ရယ်ကို Chanyeol ငုံ့ကြည့်လိုက်၏၊ လက်သွယ်သွယ်လေးက တကယ်ကို လှသည်။

" မချစ်ရဲတော့ဘူး ... "

" ထပ်ပြီးတော့လား "

" အင်း...မယုံကြည်ရဲတော့တာ နေမယ် "

" ကျွန်တော့်ကိုရောပေါ့ "

လက်တွေကို ကြည့်နေရာမှ ဘေးမှာ သူ့ကို မော့ငေးကြည့်နေတဲ့ ကောင်လေးကို Chanyeol ပြန်ကြည့်မိသည်။ ဖြူဖြူစင်စင် ကောင်လေးကို သူ မယုံကြည်စရာ အကြောင်းမရှိ။

" မင်းကို ယုံတယ်...အချစ်ကို မယုံတာ "

" ကျွန်တော်က ချစ်ပေးမယ်လေ ... အစ်ကို ယုံကြည်လာတဲ့အထိ .... အချစ် ဆိုတာ ဒါပါလား လို့ ခံစားမိတဲ့အထိ "

" ငါ....."

စကားပြောနေရင်း ဖုန်းဝင်လာတာကြောင့် စကားစ ရပ်ကာ Chanyeol ဖုန်းကိုင်လိုက်၏။
Baekhyun ကတော့ Chanyeol ကိုသာ ကြည့်​နေဆဲ ဖြစ်သည်။

" Park Chanyeol ပြောနေပါတယ်ခင်ဗျာ"

" Chan..Chanyeol "

ဆိုဟီးဆိုတာ သိလိုက်ပြီမို့ အရှေ့က ကောင်လေးကို သူပြန်ကြည့်မိသွား၏။ ထို့နောက် မူမပျက် ပြန်ဖြေလိုက်သည်။

" အင်း "

" ငါ့ဆီ အခု လာပေးပါလား "

" မအားဘူး "

" လာပါ... လာခဲ့ပေးပါ Chanyeol ရယ် ... ငါ ..ငါ ကြောက်တယ် ... ငါ နင်မရှိဘဲ မနေချင်ဘူး !! နင့်အမုန်းတွေ ခံရမယ့်အစား ငါ သေပစ်လိုက်မှာ ! "

နောက်ဆုံးစကားအဆုံး ခဏငြိမ်သွားကာ ဆိုဟီးမိဘတွေရဲ့ သမီး ဆိုတဲ့ ခေါ်သံလည်း ကြားလိုက်ရသည်။ တစ်ဖက်မှာ ဘာတွေဖြစ်ကုန်လဲ မသိတော့။

" ဟယ်လို...ဟယ်လို Chanyeol လား ? သား ခဏ​လောက် လာခဲ့ပေးပါကွယ် အန်တီ​တောင်းပန်ပါတယ် ... သမီးက စိတ် အခြေအနေမကောင်းတော့ဘူး .... ဆရာမရေ ကျွန်မ သမီးလေးကို ကယ်ပါဦး "

" ဗျာ ! "

ဆက်မပြောဘဲ ဖုန်းချသွားတာကြောင့် Chanyeol ဘာလုပ်ရမှန်းမသိ။  ငြိမ်သက်ခါနီးကာမှ နောက်ထပ်တစ်ကြိမ် အလှုပ်ခံလိုက်ရတဲ့ ရေမျက်နှာပြင်လို။

Healing LoveWhere stories live. Discover now