" အစ်ကို..."

" အင်း "

" ကျွန်တော် ရင်တွေခုန်နေတယ်ဗျ "

Chanyeol က ပက်လက်ကိုမှ လက်ပိုက်ထားတဲ့ အနေအထားနဲ့ ရှိနေပြီး Baekhyun က Chanyeol ဘက်ကို ခန္ဓာရော မျက်နှာပါ စောင်းလှည့်ထား၏။

" မင်း အိပ်သင့်နေပြီ "

" ဒီနေ့ ဆေးရုံမှာ အဲ့ဒီအစ်မကို သွားတွေ့တာလားဟင် "

Chanyeol သက်ပြင်းတစ်ချက်ချပြီးမှ ' အင်း ' တစ်လုံးပဲ ပြန်ဖြေမိသည်။

" မသက်သာလို့လား ... "

" တောင်းပန်တာ ... သူ့ဆီ ပြန်လာပေးဖို့ "

Baekhyun ဘက်က ခဏငြိမ်သွား၏။
ခဏကြာမှ စကားဆက်သည်။

" အစ်ကို ပြန်သွားမှာလား "

" ရူးနေရင်ပေါ့ "

မျက်လုံးမှိတ်ထားလျှက် ဖြေပေးနေတဲ့ Chanyeol ရဲ့ ပါးတစ်ဖက်က နွေးခနဲ.... ကြောင်သွားတာကြောင့် ကောင်လေးဘက်ကို သူ လှည့်ကြည့်မိသည်။

" ကျေးဇူးတင်ပါတယ်ဗျ "

" ဘာကိုလဲ "

" ကျွန်တော့်အပေါ်ပဲ  ပြတ်သားတာမဟုတ်လို့ "

ခဏတာ တွေဝေမိပြန်သည်။ ဒီအဖေ ဒီဦးလေးကြားမှာ ကြီးပြင်းခဲ့ရပြီး ကိုယ်တိုင်ကလည်း ဥပဒေအသိုင်းအဝိုင်းထဲ ရောက်နေသည်မို့ စိတ်ရော စကားရော ပြတ်သားတာ သူသိသည်။ အပိုအလိုလည်း မပြောတတ်.... တစ်ဖက်သားကိုလည်း သံသယအမြင်ဖြင့် အရင်မြင်တတ်သည်။ မကောင်းမှန်းသိပေမယ့် မပြင်မိတာမျိုး ဖြစ်၏။

" မနက် တရားရုံးသွားရမှာ. ... စကားမများနဲ့တော့ "

" ကျွန်တော်လည်း လိုက်လို့ရလား "

" ဘာလိုက်စပ်စုဦးမလို့လဲ "

" မြင်ဖူးချင်လို့ပေါ့ အစ်ကိုကလည်း~~"

" ကျစ် ! ပြီးရော ... မျက်လုံးမှိတ်တော့ "

" ဟုတ်ကဲ့ "

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁 

ပုံမှန်ဆို တရားရုံးမသွားခင် ရုံးခန်းကို အရင်ဝင်ပြီး လိုအပ်တာယူပြီးမှ သွားဖြစ်သည်။ အခုတော့ ကောင်လေးပါနေတာကြောင့် သူ့ကို စောင့်ရ မနက်စာစားရနဲ့ နောက်ကျနေတာကြောင့် တရားရုံးကိုသာ တန်းသွားရတော့သည်၊
တရားရုံးချုပ်လည်း ရှိသလို မြို့နယ် တရားရုံးတွေလည်း ရှိတာမို့ Chanyeol က ရုံးခန်းနဲ့နီးရာ မြို့နယ်တရားရုံးမှာပဲ အမှူစစ်ရ၏။

Healing LoveWhere stories live. Discover now