Part - {2}

8.1K 831 34
                                    

အကြာကြီးနေမှ အီဗန်က ပြောလာတယ်။ သူ့ရဲ့ စိတ်ရှုပ်ထွေးဖွယ် အသံလေးကြားလိုက်ရတော့ ကျွန်တော် ရှက်ဖို့ကောင်းတယ်လို့ ခံစားရတယ်။ ပျော့ပြောင်းနေတဲ့ ငွေရောင်ဆံနွယ်တွေ အောက်က ရဲတက်လာတဲ့ ကျွန်တော့်မျက်နှာကို ဖုံးကွယ်ဖို့ မြန်မြန်ထိုင်ချလိုက်ရတယ်။ ကျွန်တော့်ဘေးကနေ အီဗန်စိုက်ကြည့်နေတာကိုတောင် ခံစားနေရတယ်။

ကျွန်တော်ဘာလုပ်ရမလဲ? သူက ကျွန်တော့်ကို ဟယ်လိုတဲ့လေ။ ရူးတော့မှာပဲ။ နှလုံးသားရယ် ငြိမ်ငြိမ်နေပါအုန်း။

ကျွန်တော့်ရဲ့ ဖြစ်ပျက်နေတဲ့ မျက်နှာကို မမြင်စေချင်လို့ ခုံပေါ်ပဲ မြန်မြန်မှောက်အိပ်ချလိုက်တယ်။ ဘန်း! ကျွန်တော်ထင်ထားတာထက် အသံပိုကျယ်တာပဲ။ ကျွန်တော့်ခေါင်းပြန်မော့လိုက်တော့ အီဗန်ကို ‌တွေ့ရပြန်တယ်။ သူ့ကြည့်ရတာ ပြောစရာ စကားလုံးမဲ့သွားသလိုပဲ။ သူ့ရဲ့ ကျွန်တော့်အပေါ် ပထမဆုံးအမြင်က စကားထစ်အထစ်အနဲ့ ခုံနဲ့ခေါင်း ဝင်ဆောင့်တတ်တဲ့လူလို့ ထင်သွားပြီလား?

"မင်း ဒီနေ့ အစားမှားလာတာလား? မနက်ကတည်းက မင်းထူးထူးဆန်းဆန်းတွေ လုပ်နေတာ။"

နာမည်ကျော် အီဗန်ပရီစတင်ရဲ့ မျက်နှာလေးကို ချီးကျူးဖို့ ရောက်လာတဲ့ ပုံမှန်မဟုတ်‌တဲ့ ကာမန့်အသံကို ကြားလိုက်ရတယ်။ ကိုယ့်ခုံကိုသာ သွားထိုင်စမ်းပါဆိုပြီး ကျွန်တော် တိုးတိုးလေးရွတ်လိုက်တော့ ကာမန်က ချစ်ဖို့ကောင်းအောင်လုပ်တဲ့ အပြုအမူနဲ့အတူ အသံသေးအသံကြောင်နဲ့ ပြောလာတယ်။

"အော်...အချစ်ရယ်။ ဘာလို့ဒီနေ့ ကိုယ့်အပေါ် အေးတိအေးစက် ဆက်ဆံနေရတာလဲ? ဒီနားမှာ ‌နည်းနည်းလောက် ပေးနေပါအုန်း"

"ပါးစပ်ပိတ်ပြီး သွားစမ်းပါ"

အင်းပါ...အင်းပါ။ ငါအခုသွားပြီဆိုပြီး ကာမန်က အသံနှိမ့်ပြီး ရေရွတ်သွားတယ်။ သူ့စကားလည်း ဆုံးရော ကျွန်တော့်ခေါင်းအနောက်ကိုရိုက်ပြီး အီ‌ဗန့်ကို မျက်စိမှိတ်ပြလိုက်ရင်း သွားခဲ့တယ်။ ဘာကိစ္စ မျက်စိမှိတ်ပြတာလဲ? အဲ့လိုကောင်က ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ။ အီဗန်က ကျွန်တော့်ကိုပါ အဲ့လိုလူမျိုးလို့ မထင်လောက်ပါဘူးနော်။ ကျွန်တော်ချက်ချင်းပဲ ဘေးကိုကြည့်လိုက်ပြီး အီဗန့်မျက်နှာကို အကဲခတ်လိုက်တယ်။ သူက ကာမန့်ကျောပြင်ကို မျက်နှာထားတင်းတင်းနဲ့ ကြည့်နေတယ်။ အကြည့်က အေးစက်လွန်းလို့ သူ့ရဲ့ ပန်းလေးလိုမျက်နှာနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now