လူတွေကိုဖမ်း ဖို့ တူးထား တာလား ဒါမဟုတ် ပြန်ပေးဆွဲ ဖို့လား ဟင် ဘယ်လို လုပ်မလဲ အီးဟီး ကျွန်တော့်ဘဝ ပျက်ပါပြီး
မိန်းမလဲ မယူရသေးပါဘူး အရှင်ဘုရား ရေ ကျွန်တော် မျိုးကို ကယ်ပါအုန်း "
သူ့ဘာသာ သူတွေး သူပြောပြီး လက်အုပ်ချီကာ ငိုယိုပြီး
ထိုင်ဆုတောင်းနေတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး ရိပေါ် တစ်ယောက် ခေါင်း ခါ ကာ ရှောင်ကျန့် ခေါင်းလေးကို အသာလေး ခေါက်လိုက်သည်။
"အာ့ ဘာလို့ လာခေါက်တာလဲ "
" စိတ်ကူးတွေ ယဉ်ပြီး အရူးထမနေနဲ့ ဒီတွင်းက လူဖမ်းဖို့ လဲ မဟုတ်ဘူး ပြန်ပေးဆွဲ ဖို့လဲ မဟုတ်ဘူး
ဒါက သားကောင်အတွက် ထောက်ချောက် ဆင်ထားတာ "
ကျွန်တော် ပြောလိုက်တော့ မှ ထိုင်နေရာမှ ချက်ချင်းထကာ မျက်ရည် ကို သုတ်လိုက် ပြီး
" ဟင် တစ်ကယ်လား အဲ့ဆို ကျွန်တော် မသေတော့ဘူးနော် "
" အင်းပေါ့ အရူးလေး ရဲ့ ဒါမဲ့ ဒီတွင်းထဲ က ထွက် ဖို့ ဘယ်လို ထွက်ရမလဲ "
" ဝမ်ဦးဦး ကလဲ ဒါများဘာခက်လို့ အော်ပြီး အကူညီတောင်း ကြည့်ကြ မယ်လေ "
" မိုးကလဲ ချုပ်တော့မယ် ဒီအချိန် ဘယ်သူမှ တောထဲ လာကြမှာ မဟုတ်ဘူး "
" ဟင် အဲ့ဆို ဘယ်လိုလုပ်မလဲ "
" ဒီည ဒီမှာပဲ အိပ်ကြတာပေါ့ မနက်ကျရင် သူတို့ သားကောင်လာကြည့်ရင် ငါတို့ ကို တွေ့မှာပါ "
ဒါဆို ဒီည ကျွန်တော်နဲ့ ဝမ်ဦးဦး နဲ့ ဒီတွင်းထဲ မှာ အိပ်ရမှာပေါ့
အမိုးမရှိ အခင်းမရှိ မြေကြီးပေါ် မှာ အိပ်ရမှာ
ဘယ်တတ်နိုင်မလဲ နော်
" ဟိတ် ငါ့ကို မကြောက်ဘူးလား "
" ဟွန့် ဘာလို့ ကြောက်ရမှာလဲ ဝမ်ဦးဦးကို သာကြောက်နေရင် ကျွန်တော် အခုအချိန်မှာ ခင်ဗျား နဲ့ အတူမရှိနေဘူး "
" ဟုတ်ပါပြီး ကွာ မင်းတို့ မြို့သားတွေက စကားတွေအရမ်းတတ် တယ်
ငါတို့ တောသားတွေကတော့ ရိုးသားတယ် "
"ကျွန်တော်တို့ မြို့သားတွေမှာလဲ ရိုးသားတဲ့ လူတွေရှိပါတယ် နော် "
part-8
Start from the beginning
