ဝမ်​က​တော်​နဲ့အတူ စကားတ​ပြော​ပြောဖြင့်​ မီးဖိုခန်းထဲဝင်​သွားတဲ့အန်​တီရင်းဆိုသူက ​ရှောင်းကျန့်​ကိုမြင်​​တော့ပြုံးပြ​လာသည်​။ ​ရှောင်းကျန့်​လည်းပြန်​ပြုံးပြရင်း ရိ​ပေါ်ရဲ့အန်​တီရင်းက​ အစချီတဲ့စကားသံ​​လေး​တွေပြန်​ကြား​ယောင်​မိတာမို့ သွား​ပေါ်တဲ့အထိပင်​သ​ဘောတကျရယ်​မိသည်​။

ရှောင်းကျန့်​အ​ရှေ့မှာရှိတဲ့ ဥက္ကဌဝမ်​နဲ့စကား​ပြောဖို့ပြင်​​နေတုန်းမှာပင်​ ဥက္ကဌဝမ်​ရဲ့ဖုန်းကထမြည်​လာတာမို့ ​ရှောင်းကျန့်​ကိုပြုံးပြရင်းဖုန်းကိုင်​လိုက်​တဲ့ ဥက္ကဌဝမ်​ရဲ့မျက်​နှာက တဖြည်းဖြည်းမာထန်​လာကာ

"အန်​ကယ်​ ကိစ္စ​လေးရှိလို့ အပြင်​ခဏသွားဦးမယ်​"

အိမ်​ထဲက ခပ်​သုတ်​သုတ်​ထွက်​သွားတဲ့ဥက္ကဌဝမ်​ကိုလိုက်​ကြည့်​ရင်း ​ရှောင်းကျန့်​​ခေါင်းထဲအ​တွေးစတစ်​ခုကဖြတ်​ခနဲ ဝင်​လာသည်​။ အခုအခန်းထဲမှာ ရိ​ပေါ်တစ်​​ယောက်​ထဲ​ပေါ့..။ ​ရှောင်းကျန့်​မီးဖို​ချောင်​ဘက်​ကို တစ်​ချက်​အကဲခတ်​လိုက်​​တော့ အန်​တီဝမ်​နဲ့အန်​တီရင်းတို့က စကားတ​ပြော​ပြောဖြင့်​ အလုပ်​ရှုပ်​​နေကြတာမို့ ​ခြေသံလုံလုံဖြင့်​ ​လှေကား​ပေါ်ကိုဖြည်းဖြည်းချင်းတက်​သွားလိုက်​သည်​။ 

လှေကားထိပ်​​ရောက်​​တော့ များပြားလှတဲ့အခန်း​တွေထဲ ရိ​ပေါ်ရှိရာအခန်းကိုမသိတာမို့ ဟိုဖက်​ဒီဖက်​​လျှောက်​ကာ စဉ်းစား​နေရင်း ချပ်​ခနဲတံခါးဖွင့်​သံကြားတာမို့ လှမ်းကြည့်​လိုက်​​တော့ အပြင်​ထွက်​ဖို့ပြင်​​နေတဲ့ရိ​ပေါ်က ​ရှောင်းကျန့်​ကိုမြင်​​တော့ ချက်​ချင်းဆိုသလို ပြန်​ပိတ်​ဖို့လုပ်​တာ​ကြောင့်​ ​ရှောင်းကျန့်​လည်းအ​ပြေးသွားကာ ပိတ်​​တော့မည့်​ဆဲဆဲတံခါးချပ်​​လေးကို တွန်းကန်​ထားလိုက်​သည်​။ ​ရှောင်းကျန့်​နဲ့အားချင်းမမျှတာမို့ သူမနိုင်​​တော့မှန်းသိတဲ့က​လေးငယ်​က မျက်​နှာဆူပုတ်​ပုတ်​ဖြင့်​ အခန်းထဲဝင်​သွားတာမို့ ​ရှောင်းကျန့်​လည်းခပ်​ပြုံးပြုံးဖြင့်​ အ​နောက်​က​နေလိုက်​ဝင်​ခဲ့လိုက်​သည်​။

Dear My Ex-crush[Completed]Où les histoires vivent. Découvrez maintenant