Part-17

1.4K 153 30
                                    

Unicode

" ဆန်ပြုတ်လေးသောက်ရအောင်၊ အစာမာတွေဆို ပါးပါးနေရခက်မှာစိုးလို့ "

နှုတ်ခမ်းရှေ့ ရောက်လာသည့် ဆန်ပြုတ်ဇွန်းကို ရိပေါ် ပုတ်ထုတ်လိုက်သည်။ ထင်မထားသည့် လုပ်ရပ်ကြောင့် ရှောင်ကျန့် အံ့သြသွားသည့်ပုံက ခနသာ။ ချက်ချင်းအပြုံးရေးရေးကို နှုတ်ခမ်းထက် ပြန်လည် ချိတ်ဆွဲ၏။

" ငါ့ကို လွှတ်ပေး "

" ‌ပါးပါးသက်သာတဲ့နေ့ကျအိမ်ပြန်ကြမယ်၊ အဲ့ကျ ပါးပါးကိုလည်း လွှတ်ပေးမှာ "

မထင်ထားသည့် အဖြေကြောင့် ပါးပါးကအံ့သြသွားပုံပေါ်ကာ မျက်လုံးပြူးလေးနဲ့ကြည့်လာသည်။ ဟက်! ချစ်စရာလေး။

ရှောင်ကျန့်လည်း ငေးနေတာကို ရပ်ပြီး လက်ပေါ်ဖိတ်စင်သွားသည့် ဆန် ပြုတ် အချို့ ကို တစ်ရှူးနဲ့သုတ်ကာ နောက်တစ်ဇွန်းထပ်ခပ်လိုက်သည်။ နှုတ်ခမ်းနားတေ့ကာတစ်ဖူးဖူးမှုတ်ပြီးမှ ပါးပါး ပါးစပ်နားတေ့ကာ...

" လောလောဆယ်တော့ ဆန်ပြုတ်လေးသောက်၊ ပြီးရင် ဆေးသောက်ရဦးမှာ "

" ငါ့ကိုအခုလွှတ်ပေးတာဘဲ လို ချင် တယ် "

" ကျစ်! ခေါင်းမမာနဲ့ ပါးပါးရာ၊ ခု လွှတ်ပေးတော့လည်း ပါးပါးလုပ်နိုင်တာ ဘာမှမရှိဘူး၊ ကိုယ့်ကိုယ့်ကိုယ်တောင် အနိုင်နိုင်ကို၊ ရုန်းရင်းဆန်ခတ်နဲ့ ရှုပ်ပွကုန်တာပဲ ရှိမှာ "

ရှောင်ကျန့် နားချသော်လည်း ရိပေါ်က အရေးမစိုက် ။ တစ်ဖက်ကိုသာ မျက်နှာ မူ ထား ပြီး ကလေးဆိုးလိုလုပ်နေဆဲ။ မင်းပြော‌တိုင်းငါကသဘောတူစရာလား! ငါကမင်းထက်အကြီးပါကွ၊ မင်းထက် အများကြီးပိုခေါင်းမာတယ်။

" ကဲ ၀မ်ပါးပါးရေ၊ ကလေးလိုလုပ်နေဦးမှာလား "

ပြုံးစိိစိဖြင့် မလေးမစားခေါ်ခံလိုက်ရတော့ ဒေါသကထောင်းခနဲ။

" မင်း! "

" အဲ့လို ခေါ်တာမကြိုက်ရင် ဒါကို အမြန်စား "

ရိပေါ်ကလည်း ဆန်ပြုတ်ပန်းကန်ကို တစ်ချက်သာ လှည့်ကြည့်ပြီး မျက်လုံးမှိတ်သွားသည်။ အရင်နေ့တွေကတောင် အဲ့လောက်မပြောရသည့် လူသားက ဒီနေ့မှတအားခေါင်းမာနေတော့ ရှောင်ကျန့် တကယ် စိတ်မရှည်တော့။ သူ့အမှားလည်းပါတယ်ဆိုပေမဲ့ အစားအသောက်မစားဘဲနေတာတော့တကယ်မကြိုက်။

All My False ( Completed )Where stories live. Discover now