" အဲ့ဒီလူက ငါ့အဖေ မဟုတ်ခဲ့ရင်ပေါ့ "
သူမ မျက်နှာကိုသာ တည့်တည့်ကြည့်ပြီး ဆိုမိတော့ မျက်လုံး စုံမှိတ်ချသွားတဲ့ သူမ က ရင်နာပါသည်ပေါ့။ ဒါဆို ကိုယ်ကရော....
" အသစ်တွေ့နေပြီလား...."
အသစ်တဲ့ !!
သူပေးခဲ့တဲ့ နာကျင်မှုကနေ trauma ရသွားလို့ ထပ် မချစ်ချင်တော့တဲ့သူကို အသစ်ရပြီလားတဲ့!!
မေးရက်ပါဘိ...." ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားပြီလား Chanyeol...ဟင် "
" နင် အနားယူသင့်ပြီ ဆိုဟီး ... ငါ ပြန်တော့မယ် "
သူမ ဘယ်လို ဖြစ်ပြီး ကျန်ခဲ့တယ်လည်း မသိချင်တော့ဘူး။ စိတ်ရူးပေါက်ပြီး ထင်ရာ လုပ်ချင်မိသည်အထိ ဆောက်တည်ရာမရ ဖြစ်ရ၏။ မေ့ပျောက်ခါနီးလိုက် ထပ်ပြီး နှိုးဆွလိုက်နဲ့ ရင်ထဲက တဆစ်ဆစ် ကိုက်သည်။ နာကြည်းသည်။ အယုံကြည်ခဲ့ရဆုံး နှစ်ယောက်ပေါင်းပြီး ထိုးလိုက်တဲ့ ဓါးက ရင်ဝတည့်တည့် စိုက်ဝင်၏။
ယုံကြည်မှုတွေ ရေစုန်မျောပြီး မျှော်လင့်ထားသမျှတွေ လေထဲ ပျံ့လွင့်ကုန်တာ ဘယ်သူတွေကြောင့်လဲ!! ကိုယ် ပြိုလဲရတာ ဘယ်သူတွေကြောင့်တဲ့လဲ !! ဆွဲကူပေးတဲ့ ကောင်လေးသာ မရှိခဲ့ရင် အခုထိ အတိတ်ဆိုးထဲမှာ ပိတ်မိနေဦးမှာ...
ထပ်ဆိုးတာက ကျေးဇူးတင်စရာကောင်းတဲ့ ကောင်လေးကို သူ ဒုက္ခတွေလည်း မပေးချင်ဘူး။ ဖြူဖြူစင်စင် ကောင်လေးကို ဒဏ်ရာဗလပွနဲ့ ကိုယ်က မထွေးပွေ့ချင်ဘူး။ အနာမကျက်သေးတဲ့ ကိုယ့် ဒဏ်ရာက သွေးတွေ စွန်းထင်းကုန်မှာ စိုးရိမ်မိတယ်။
ကားကို ခပ်ကြမ်းကြမ်းမောင်းလာကာ သွားနေကျ bar ဆီ ဦးတည်လိုက်၏။ အပြင်းစပ်ခိုင်းလိုက်ကာ တစ်ငုံချင်းစီ အရသာခံရင်း အတွေးတို့က ရောက်တတ်ရာရာ.....
အရင်က အဖေ့အိမ်မှာပဲ နေခဲ့ပြီး သားအဖ နှစ်ယောက် ဆက်ဆံရေးက ထင်သလောက်မဆိုးခဲ့။ တတိယနှစ်လောက်ကတည်းက အိမ်ကို ဝင်ထွက်နေတဲ့ ဆိုဟီးက အဖေနဲ့လည်း ရင်းနှီးသည်။ သိမ်မွေ့တဲ့ မိန်းကလေးပဲမို့ အဝတ်အစားကအစ အနေအထိုင်အဆုံး အပြစ်ပြောစရာမရှိခဲ့။
Healing Love (15)
Start from the beginning