နောက်ဆုတ်သွားတဲ့ ဟအွန်ဆိုးလက်ထဲမှာ ကိုင်ထားတဲ့ ဓားမြှောင်၊ တစ်နည်းအားဖြင့် ဂီယွန်းဂျယ်ရဲ့ ရင်ဘတ်ကို ထုပ်ချင်းပေါက် ထိုးစိုက်ခဲ့တဲ့ ဓားမြှောင်မှာတော့ အခုချိန်မှာ သွေးတွေ စီးကျနေတယ်။

ဂီယွန်းဂျယ် - "အဲ့ဒီမိန်းမပျက်ကတော့ ဘယ်တော့မှ အသုံးကို ကျမလာဘူး"

နောက်ဆုံးအချိန်မှာတောင် ဂီယွန်းဂျယ်ဟာ တခစ်ခစ်ရယ်ပြီး နားဝံ့မခံသင့်တဲ့ စကားတွေ ပြောနေခဲ့တယ်။ ပြီးတော့ သူ့ရဲ့ သွေးစွန်းနေတဲ့ အင်္ကျီရင်ဘတ်ထဲကနေပြီး စီးကရက် တစ်လိပ်ယူလိုက်တယ်။

ဂီယွန်းဂျယ်ကို သတ်ဖို့ လူတွေဝိုင်းနေကြပေမဲ့ ထိုသူတွေဟာ သူ့ရဲ့စကားတွေနဲ့ လွှမ်းမိုးခံနေရတယ်။

သူဟာ သေတော့မဲ့ပုံစံ ပေါက်နေပေမဲ့လည်းလေ...။

'...'

ဂီယွန်းဂျယ် - "အဟွတ်...အဟွတ်...အား။ ဟက်! F**k..."

ဂီယွန်းဂျယ်ဟာ စီးကရက် ပါးစပ်မှာ ကိုက်လိုက်တယ်။ အဲ့ဒီ့နောက် သူဟာ တိုင်ကို မှီချလိုက်ပြီး ဆဲဆိုနေခဲ့တယ်။သူ့လက်ထဲမှာ ငွေရောင် Zippoမီးခြစ်လေး ကိုင်ထားပေမဲ့ သူ့လက်တွေဟာ တုန်ယင်နေခဲ့တာကြောင့် မီးမညှိနိုင်ခဲ့ဘူး။ သူသက်ပြင်းရှိုက်လိုက်တယ်။ သူ့ရဲ့အမြင်တွေကလည်း ပိုပိုပြီး ဝေဝါးလာပြီလေ။

***

(MC's POV)(T/N: ဒီPOVကတော့ လက်ရှိ ဂီယွန်းဂျယ်ရဲ့ ကိုယ်ထဲဝင်နေတဲ့ MCရဲ့ POVပါ!)

MC - "မင်းဘာလို့ ဒီလိုတွေ လုပ်ခဲ့တာလဲ?"

ဂီယွန်းဂျယ် - "...အမ်?"

ဂီယွန်းဂျယ်ဟာ သတိမရှိတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို ကြည့်လာပြီး အဖြေကတော့ နောက်ကျနေတယ်။

MC - "ဘာလို့ အခြားသူတွေအပေါ်ကို ဒီလိုတွေ လုပ်နေရတာလဲ? မင်းမှာ စွမ်းအားမရှိရင်တောင် ငွေကြေးတွေရှိပြီး မင်းက ဉာဏ်လည်းကောင်းတယ်လေ... မင်းက လူတိုင်း မနာလိုဖြစ်ရတဲ့ အနေအထားမှာပဲကို..."

ဂီယွန်းဂျယ် - "..."

MC - "မင်းရဲ့ဘဝကြီးကို အခြားသူတွေရဲ့ ပိုင်ဆိုင်မှုတွေ လုယူရင်း အခြားသူတွေကို နိုင့်ထက်စီးနင်းလုပ်ပြီး ကုန်ဆုံးခဲ့တာမလား?"

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Zawgyi)Where stories live. Discover now