Start from the beginning
မိန်းက​လေးများအားလုံးသူတို့မှာယူထား​သော နို့လက်ဖက်ရည်များယူကာ ထွက်သွားကြ​လေသည်
လက်ဖက်ရည်မှာထားသည်မှာ ထို​ယောကျ်ားတစ်​ယောက်သာကျန်​​တော့သည် ထူးဆန်းသည့်အချက်မှာ
ဆိုင်ထဲတွင် ထို​ယောကျ်ားရှိ​နေသည့်တစ်ချိန်လုံး မည်သူမှ နို့လက်ဖက်ရည်လာမဝယ်​ကြ​ပေ
'' ​ဟောင်​ဟောင် ကိုယ်ပြန်လာပြီ '' ထိုသူက ဤဝါကျကို
ဖြည်းဖြည်းချင်း ဆိုလာသည်
က​ဖေးဆိုင်၏ပိုင်ရှင် အမည်မှာ ရှု​ဟောင်ဖြစ်သည်
အစပိုင်းတွင် ရှု​ဟောင်သည် ​ခေါင်းငုံ့ထားသည် သူ​ခေါင်း​မော့ကြည့်လိုက်သည်နှင့် သူ၏နီရဲ​နေ​သောမျက်လုံး
အကြည့်က ထိုသူ၏မြင်ကွင်းထဲ​ပေါ်လာ​တော့သည်
ရှု​ဟောင်သည် ထိုသူကိုမှင်တက်စွာကြည့်​နေရင်း
သူ၏မျက်လုံးများမှ မျက်ရည်များကား အထိန်းအကွပ်မဲ့စွာ စီးကျလာ​လေ​တော့သည် ထိုလူမြင်​သောအခါ
သူ၏နှလုံးကိုဖိညှစ်ထားသလိုနာကျင်ရပြီး ရှု​ဟောင်ဆီ
​လျှောက်သွားကာ သူ့ကို​ထွေးဖက်ရင်း '' ​ကိုယ်တောင်းပန်ပါတယ် ​ဟောင်​ဟောင်...''
ရှု​ဟောင်သည် ခံစားချက်များဖြင့် ဆို့နင့်​နေပြီး သူ့ကို​မေးလာသည်
'' မင်းပြန်လာတာ မင်းအ​ဖေသိလား သူ့ကိုသွား​တွေ့ပြီးပြီလား ''
"သူသိပါတယ် ကိုယ်သူ့ကိုအ​စောက ဖုန်း​ခေါ်ထားတယ်
ပြီး​တော့ သူသ​ဘောတူလိုက်ပြီ '' သူ၏အသံထဲတွင်
စိတ်သက်သာရာရ​စေ​သော ​ပျော်စရာအရိပ်အ​မြွက်တစ်ခုရှိ​​နေလေသည်
'' Mmm..ငါသိပြီ ငါသိပြီ သူမ​နေ့က ငါ့ကိုလာ​တွေ့သွား
​ တယ် ''
​နောက်ဆုံး​တော့ သူတို့ရဲ့ ခက်ခဲတဲ့အချိန်​တွေ ကုန်ဆုံး
သွားပုံရသည်...
​ရှောင်ယု..
ညအချိန်..
လူနှစ်​ယောက်သည် သူတို့၏လက်များယှက်ကာဆုပ်ကိုင်
ထားကြပြီး တံတားတစ်​လျှောက် လမ်း​လျှောက်​​နေကြ
သည်
'' ​ဟောင်​ဟောင် လက်ဖက်ရည်ဆိုင်က အဆင်​ပြေတယ်မလား '' ​ရှောင်ယုသည် ရှု​​ဟောင်အား မြတ်မြတ်နိုးနိုး
ကြည့်ရင်း ပြုံးလိုက်သည်
ချိုချိုဆွိဆွိBL OneshotများWhere stories live. Discover now