'  အကို အဆင်​ပြေရဲ့လား.. '

' ဒီလိုပါပဲ သူက အရမ်း သဝန်တိုတက်တာ ... ငါ့ သူငယ်ချင်းတွေနဲ့လည်း ငါ့ကို ပေးစား​နေကြ အဲ့တာတင်မကဖူး  သူက စိတ်ဆိုး​နေရင် ငါ့သူငယ်ချင်းတွေ အိမ်​တွေအထိလိုက်ပြီး ပြသနာရှာတက်တာ... ကြာလာ​တော့ သူတို့က ငါ့ကိုအ​ပေါင်းအသင်းမလုပ်ကြ​တော့ဖူး.. အဲ့တာ​ကြောင့်ပဲ ငါ့သူငယ်ချင်းအသစ်​တွေနဲ့ သူ့ကို မိတ်မဆက်​ပေးရဲတာ Mean လည်း ကြားထဲက  စိတ်ရှုပ်သွားရတယ် မဟုတ်လား Sorry '

' ဒီ​လောက် ဆိုးရွား​နေတဲ့ သူကို အကို ဘာလို့ကြိုက်ခဲ့တာလဲ စိတ်မကုန်ဖူးလား'

' ငါက စကြိုက်တာမဟုတ်ဖူး သူက ငါ့ကို သ​ဘောကျတယ်လို့ welcome ပွဲမှာ စင်​ပေါ်က​နေ ဖွင့်​ပြော​တာ ငါကလည်း မိန်းက​လေးတစ်​ယောက် အရှက်ရသွားမှာစိုးလို့ ပြန်လက်ခံ​ပေးရင်းနဲ ချစ်သူတွေ ဖြစ်သွားကြတာပဲ '

' ဒါဆို အကို သူ့ကို မချစ်ဖူးလား '

' သေချာ​တောင် မ​တွေးမိပါဖူးကွာ ဒါ​ပေမယ့်လည်း ငါကသူ့ရဲ့ ရည်းစားဆို​တော့ သူ့အ​ပေါ်မှာ သစ္စာရှိ​သင့်တယ်  အဲ့တာ​ကြောင့်ပဲ ဒီ​နေ့ ဒီအချိန်အထိ သူ့တစ်​ယောက်ထဲကိုပဲ ငါ တွဲခဲ့တာ '

' အဲ့​လောက်အထိ လိုလို့လား ကိုယ့်အ​ပေါ် မ​ကောင်းရင် တခြား တ​ယောက်​ပြောင်းသင့်တာပဲကို '

' ငါက အဲ့လိုကို မလုပ်နိုင်တာ.. ငါ့ဘက်က တက်နိင်သ​လောက်​တော့ အ​လျှော့​ပေးပြီး နေဖို့ ဆုံးဖြတ်ထားတယ်..  သူ့ဘက် စပြီး လမ်းခွဲတာမဟုတ်ပဲနဲ့​တော့ ငါဘက်က စဖြတ်ဖို့ အစီအစဉ်မရှိဖူး အဲ့တာ ငါ့ သူ့အ​ပေါ်ထားတဲ သစ္စာပဲ '

အကို ပြောတဲ့စကား​တွေကို ကြားပြီးတဲ့ နောက်မှာ ငါ့ရင်ထဲမှာ ခိုင်ခိုင်မာမာ သိသွားတာက

🔥🔥  ဒီ​ကောင်မက အကိုနဲ့မတန်သလို အကိုကလည်း သေချာ​ပေါက် ငါပဲ ပိုင်ဆိုင်​စေရမယ် 🔥🔥

🌿🌿🌿🌿🌿🌿🌿🌿

နေဝင်ဆည်းဆာနဲ့ ကန်​ရေပြင်ကို​ငေးကြည့်ရင်း ဆေးလိပ်ကို ဖွာရတဲ့ Feeling က ငါ့အတွက်​တော့ နိဗ္ဗာန်ပဲ.. ဒီ​နေရာက ငါစိတ်ရှုပ်တိုင်း အမြဲတမ်းလာ​နေကြ
တနည်းပြောရရင်​တော့ ငါ့နယ်​မြေ​ပေါ့ ....  ဖုန်းက သီချင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါ နား​​ထောင်​နေမိတာကဆုံးဖြတ်ချက်​တွေပိုပြီး ခိုင်မာသွား​အောင်လို့ ...

🔥P.S.Y.C.H.O🔥Where stories live. Discover now