' ဟုတ်ချင်လည်း ဟုတ်မှာ​ပေါ့ အစ်မရယ်  အဲလို​တွေက လုပ်ဖူးတဲ့ သူ​တွေဆို
အ​တွေ့အကြုံရှိ​နေ​တော့ ပို သိတာ​ပေါ့ 😊 ကျွန်​တော်က​တော့ မ​ပြောတက်ပါဖူး  ဒါနဲ့ အကို ကျွန်​တော်တို့ အလုပ်သွားကြရ​အောင် နောက်ကျ​နေပြီ '

' နေစမ်း! နင်က ငါ့ကို ဘာ သ​ဘောနဲ့ အခုလို ပြောတာလဲ ဟမ်! '

' ဗျာ... ကျွန်.. ကျွန်တော်က .. ဟို အကို ကူ​ပြော​ပေးပါဦး '

သနားစရာပုံစံ​နဲ့ အကို့​ဘေးနား​​လေးမှာ ငြိမ်ကုတ်ပြီးသွား​နေမိ​တော့ အကိုက အားနာပြီး သနားသွားတဲ့ ပုံစံ.. အဟက် ကွက်တိပဲ ငါလိုချင်​နေတာကလည်း အဲ့တာပဲ​လေ... အကို့ အမြင်မှာ ငါက အရမ်းကို အားငယ်ပြီး သနားစရာ​ကောင်း​နေတဲ့ ကောင်​လေး တစ်​ယောက် ဖြစ်နေရမယ် အဲ့တာမှ တ​ဖြေး​ဖြေး သနားမှု​တွေက​နေ အချစ်ဆိုတာ ဖြစ်လာမှာ... ( meanနု​သွေး ၂၀၂၁ version)

' ချစ်.. ဘာလို့ ဒေါသ​တွေ အရမ်းထွက်​နေရတာလဲ Mean ပြောတာ ဘာမှားလို့လဲ ချစ်​မေးလို့လည်း သူက ပြန်​​ဖြေရတာကို ဘာလို့သွား​အော်​နေတာလဲ '

' မောင်က​ရော.ဘာလို့ အဲ့​ကောင်ဘက်က​နေလိုက်​ပြော​နေတာလဲ မောင် သူ့ကို ကြိုက်​နေလို့လား '

' မင်း ဘာ စကား​တွေ​ပြော​နေတာလဲ  ငါတို့က ညီအစ်ကို လို ခင်လာတာကွ  '
' မယုံဖူး နင်တို့ ၂ ယောက်စလုံးကို မယုံဖူး '

' မင်း မယုံလည်း မတက်နိုင်ဖူးကွာ ဘာမှ ထပ်ရှင်းပြ​နေစရာအ​ကြောင်းမရှိဖူး မင်း ပြန်လိုက်​တော့ !  '

' နှင်​နေတာလား ရတယ် နင် နောက်မှ ငါ့ အဆိုးမဆိုနဲ့ တောက်! နင် သတိထား​နေ နင့်ကို ငါတစ်ခုခုဖြစ်​အောင် လုပ်ပြမယ် တောက်!  '

ဒီ မိန်းမက ဒေါသထွက်​နေရင် ဘာဆို ဘာမှမထိန်းနိုင်​​တော့ဖူးပဲ.. အဟက်...
အားနည်းချက်ကို အခုလို သိ​အောင်လုပ်ပြ​ပေးသွားတာ $ရမ်း ကျေးဇူးတင်သွားပြီ...

' ဟင်း.. ပင်ပန်းလိုက်တာကွာ '

ငါ့ အ​တွေး​တွေနဲ့ ကျေနပ်နေတုန်း ဘေးနားက အကိုက လွယ်အိတ်ကို ပစ်ချရင်း ကြမ်းပြင်​​ပေါ် စိတ်ပျက်စွာ ထိုင်နေတာကို မြင်ရ​တော့လည်း ငါ့ရင်​တွေနာလိုက်တာ..

🔥P.S.Y.C.H.O🔥Where stories live. Discover now