မော့လျှိယိ

60 9 0
                                    

လီမိသားစု​မွေး​နေ့

လီမိသားစု  ရဲ့ အကြီးအကဲ လီ​မော့ ရဲ့နှစ်​၆၀ ပြည့်​​မွေး​နေ့မှာ ​တော့ တရုတ်​ရဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​​များနဲ့  ပြည့်​​နေသည်​ ။ ထိုထဲမှာ​တော့ ထန်​မိသားစု ရဲ့ Mr.ထန်​က မပါမဖြစ်​​ပေါ့ ။Mr.ထန်​ရဲ့ ​ဘေးမှာ​တော့  ကျိုးကျစ်​ဟန်​ တစ်​​ယောက်​ လာနှုတ်​ဆက်​တဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေကို ဟန်​​ဆောင်​အပြုံးနဲ့  ပြုံးပြ​နေရတာ​ကြောင့်​ သူ့ ပါး​တွေ​တောင်​​ညောင်းလာသလို ခံစား​နေရသည်​ ။  ကျစ်​ဟန်​ လူ​တွေအုံ​နေတဲ့  ဝိုင်းမှာ မထိုင်​ချင်​​တော့တာ​ကြောင့်​ သူ့ အ​ဖေ ကို ​ပြောပြီး ​လူရှင်းပြီး​မှောင်​ရိပ်​ကျတဲ့ ​နေရာ မှာ သွားထိုင်​​နေရသည်​။  သူ ဖုန်းထုတ်​လိုက်​ကာ ဝမ်​ယီ ဆီကို စာပို့ လိုက်​တယ်

' အိပ်​​နေပြီလား ´

' မအိပ်​​သေးဘူး မင်း​ကော´

တစ်​ဖက်​က ချက်​ချင်းစာပြန်​တာ​ကြောင့်​ ကျစ်​ဟန်​  ​စိတ်​မွန်းကြပ်​မှုများ ​ပျောက်​သွားတယ်

' ဧည့်​ခံပွဲတစ်​ခုမှာ´

ကျစ်​ဟန်​ ၄ မိန်​စ်​​လောက်​ ဝမ်​ယီဆီက စာမလာ​တော့တာ​ကြောင့်​ စိတ်​ရှုပ်​သွားတယ်​ ။ သူ အိပ်​​ပျော်​သွားတာလား။

' ငါတို့ အိမ်​အသစ်​မှာ အ​မေက ​ ။ ည​နေက လူအများကြီးလာပြီး ငါတို့ အိမ်​ကပစ္စည်း​တွေကို အိမ်​အသစ်​ကို ​ပြောင်း​ပေးကြတယ်​ ။ပြီး​တော့ ​မေ​မေ လည်း အလုပ်​သစ်​ရတယ်​´

ကျစ်​ဟန်​  နှုပ်​ခမ်းအ​ပေါ်ကို​ကော့တက်​သွားတယ်​ ။

'အိမ်​အသစ်​ကြိုက်​လား ´

' အင်း ´

' ဟဟ မင်းကြိုက်​လို့ ဝမ်းသာပါတယ်​ ။ ´

' ​ကျေးဇူး ဟန်​ဟန်​ ´

" ဟဟ ဘယ်​​လောက်​ရိုးသား လိုက်​လဲ "

ကျစ်​ဟန်​ နှုပ်​ခမ်းအ​ပေါ်​ကော့တက်​သွားပြီး
ဝမ်​ယီ ဖြစ်​​နေမယ့်​ ပုံ​လေးကို မြင်​​ယောင်​လိုက်​မိတယ်​ ။ ဝမ်​ယီက တကယ်​ချစ်​စရာ​ကောင်းတယ်

မင်းအတွက်​ဆို​ကောင်းကင်​ကိုသိမ်းပိုက်​မယ့်​သူ Where stories live. Discover now