' ပူတာပေါ့  '

ပြန်ကြားရတဲ့ အ​ဖြေ​လေး တစ်ခွန်းက ငါ့တစ်ဘဝလုံးစာအတွက် လုံလောက်
သွားပါပြီ.. သို့​သော်..

' မင်းက ငါ့အတွက်ဆိုရင် ညီ​လေး တစ်​ယောက်လို ဖြစ်နေတာမို့လို့ နေမြန်မြန်​ကောင်း​အောင် လုပ်စမ်းပါကွာ​နော် '

' ... '

* ညီ​လေး *လား...သူက ငါ့အ​ပေါ် ညီအစ်ကိုလိုပဲ သ​ဘောထားတာလား...
သူ့ မျက်နှာကို လှမ်းကြည့်မိ​တော့ ဖြူဖြူစင်စင်နဲ့ တောက်ပစွာပြုံးပြ​နေတာ​ကြောင့် ငါ့ရဲ့ ညစ်နွမ်း​နေတဲ့ ခံစားချက်​တွေကို ထိန်းချုပ်လိုက်ပါ​တော့တယ်..

* အကိုနားမှာ တစ်သက်လုံးရှိရမယ် ဆိုရင် ဘယ်လိုမျိုးပဲ သတ်မှတ်ပါ​စေကျွန်တော်နေနိုင်ပါတယ်💙 *

' ကျွန်တော်က အရင်တုန်းကလည်း အခုလို ဖြစ်နေကြ အိပ်လိုက်ရင် မနက်ရောက်​တော့ သက်သာသွား​ရော ဘာ ဆေးမှ​တောင် လိုတာမဟုတ်ဖူး '

'  လူဆိုးလိုလို လူမိုက်လိုလို လုပ်မ​နေနဲ့ ငါရိုက်ပစ်လိုက်မယ် 😒 👋'

' အကို အိပ်​တော့​လေ ကျွန်​​တော်လည်း အိပ်​တော့မယ် '

' မင်း တကယ် အဆင်​ပြေရဲ့လား ခေါင်းမူးတာတို့ အန်ချင်တာတို့​ရောဖြစ်​သေးလား '

' ကျွန်​တော် တကယ်ကို အဆင်​ပြေတာမို့ အကိုသာ စိတ်ချလက်ချအိပ်​တော့​နော် '

' အော် ဘာဖြစ်​နေတာလဲ အိပ်မှာ​ပေါ့လို့ အတင်း​တွေကို အိပ်ခိုင်း​နေ​​တော့တာပဲ '

သူ အိပ်​ပျော်သွားမှာ သူ့မျက်နှာ​လေးကို ငါ စိတ်ကြိုက်ထိုင်ကြည့်လို့ရမှာ​ပေါ့..
ဒါ​တွေကို သူ မသိပါဖူး..  သိလာမှာလည်း မဟုတ်​တော့ပါဖူး.. ဘာလို့လဲဆို​တော့

* ဒီလို ငါ့ရဲ့တစ်ဖက်သတ်ခံစားချက်​တွေကို သူ စိတ်မ​နှောက်အယှက်ဖြစ်​အောင် ငါ့ဘက်က ထုတ်​ပြောဖို့ အစီအစဉ်မရှိ​တော့လို့ *

ကုတင်​ပေါ်က​နေ ငါ့ကို စိတ်မချနိုင်တဲ့ သူ့ကို ပြုံးပြလိုက်မိတယ်..

သူ အိပ်ပျော်သွားတဲ့ အချိန်ရောက်​​တော့မှ သူ့ ကုတင်ဘေးနားမှာ ခေါင်းမှီပြီး သူ့မျက်နှာလေးကို ထိုင်​ငေး​နေမိတယ်...

🔥P.S.Y.C.H.O🔥Where stories live. Discover now