အ​ဖေ

78 11 0
                                    

"​ဟေး မင်းအိမ်​သာဘက်​ကို သွားမှာဆိုရင်​ အခုပြန်​လှည့်​လိုက်​ "

ကျစ်​ဟန်​ ​ဆေးလိပ်​​သောက်​ချင်​လို့  အိမ်​သာထဲ သွား​နေခြင်းပင်​။ ဒါ​ပေမယ့်​ သူ့ ကို အခြားခန်းက​ကောင်​​တွေက တားမယ်​လို့ မ​မျှော်​လင့်​ထား။

" ဒါ မင်းတို့ အတန်းက အိမ်​သာမလို့ လား ။
ီး​တောင်​ မသွားဘူး ။ဒါ ငါတို့ အိမ်​သာ "

ကျစ်​ဟန်​ က​တော့ သူ့ ​ရှေ့ ကလူမိုက်​​ယောင်​​ဆောင်​ထားတဲ့ ​ကျောင်းသား ကိုအ​ရေးမစိုက်​ပဲ အိမ်​သာဘက်​ကို ဝင်​လာလိုက်​သည်​ ။ အိမ်​သာထဲမှာ​တော့ ကြမ်းပြင်​​ပေါ်မှာ အလူးအလဲ အကန်​ခံ​နေရတဲ့  ​ကောင်​​လေး ကိုကြည့်​လိုက်​​တော့ သူတို့ အခန်းထဲက ​ကျောင်းသားပင်​။

" ဟ မင်းက​သေချင်​​နေတာလား "

ထို​ကျောင်းသား​တွေထဲက တစ်​​ယောက်​က ကျစ်​ဟန်​ဆီ ​လျှောက်​လာသည်​ ။ ကျစ်​ဟန်​ ပြုံးလိုက်​ကာ သူ့ဆီ လာတဲ့ တစ်​​ယောက်​ရဲ့ ဗိုက်​ကို ကန်​ချလိုက်​သည်​ ။

" ဘုန်း..."

" မင်းတို့ က ​ကျောင်းမှာလူမိုက်​လုပ်​ချင်​​နေတယ်​​ပေါ့​လေ"

ကျစ်​ဟန်​ တစ်​ဖက်​က ​လေး​ယောက်​ကို ဂရုမစိုက်​ပဲ  ၄​ယောက်​၁ ​ယောက်​ချကြသည်​ ။ သူ့ အရင်​ဘဝက ဂျူဒိုသသ်​ထားတာကို​ကျေးဇူးတင်​ရမယ်​။ ခဏကြာ​တော့ ​တစ်​ဖက်​က​ကျောင်းသား​လေး​ယောက်​လုံး ​မှောက်​ကုန်​ကြပြီ။ ကျစ်​ဟန်​က​တော့ သူအထိုးခံရတဲ့  နှုပ်​ခမ်းကို လျှာနဲ့ သပ်​ကာ ​ဒေါင့်​မှာ ​ကြောက်​​ကြောက်​လန့်လန့်နဲ့ သူ့ ကိုကြည့်​​နေတဲ့  အတန်းထဲက ​ကောင်​​လေးကို ကြည့်​လိုက်​သည်​။

" မင်းထနိုင်​လား"

ကောင်​​လေးက ​ကြောက်​​ကြောက်​နဲ့ ​ခေါင်းညိမ့်​ရှာပါတယ်​။ ကျစ်​ဟန်​က​တော့ လှဲ​နေတဲ့ ​ကောင်​​တွေကို တစ်​ချက်​ကြည့်​ကာ သူ့ ​ဘောင်​ဘိထဲက ​ဆေးလိပ်​ ကိုထုတ်​ပြီးမီးညှိကာ ​သောက်​​နေလိုက်​သည်​။

" ​ဆေးလိပ်​​သောက်​တာ မ​ကောင်းဘူး။ ကျန်းမာ​ရေးနဲ့ လည်း မကိုက်​ညီဘူး "

မင်းအတွက်​ဆို​ကောင်းကင်​ကိုသိမ်းပိုက်​မယ့်​သူ Where stories live. Discover now