"သြော် နန္ဒ ငါ့ဆီကိုလာတာလား.."

"အေး မင်းကလည်းကွာ ခေါ်လိုက်ရတာ...
အခန်းထဲမှာဘာလုပ်နေတာလဲ?.."

"နောင့်အနာကိုဆေးထည့်ပေးနေလို့ပါ...
လာလေ အိမ်ထဲကိုဝင်.."

"အေး.."

နန္ဒကိုအိမ်ထဲခေါ်ထဲလိုက်ပြီး ရေခဲသေတ္တာထဲမှအအေးတစ်ဘူးထုတ်ကာချပေးလိုက်သည်။

"ဟိုနေ့က ဆေးရုံကိုရောက်သေးတယ်...
မင်းကိုမတွေ့ဘူး.."

"အေး အိမ်ကိုပင့်တာနဲ့ငါလည်းသွားလိုက်တာ.."

"သြော်.."

"ဒါနဲ့ မင်းပါးမှာဘာလို့သွားရာကြီးပေါ်နေတာလဲ?.."

ရှင်းသန့်အယောင်ယောင်အနနနဲ့ပါးကိုကိုင်လိုက်မိသည်။

"သြော် သိပြီ သိပြီ မင်းခွေးကိုက်ခံရတာလား.."

နန္ဒအသံကိုမြှင့်ပြီးတမင်ပြောလိုက်သည်။

"အထဲမှာနောင်ရှိတယ်ကွ.."

"တမင်ပြောတာ အဲ့ကောင်ကိုက်ထားမှန်းငါသိတယ်.."

"မင်းကတော့လေ..."

အခန်းထဲမှနောင်ကတော့ သူ့ကိုခွေးလို့နှိုင်းရမလားဆိုပြီး ခေါင်းအုံးကိုလက်သီးနဲ့ထုနေသည်။
ကြာလေ နန္ဒဆိုတဲ့လူကို သူကြည့်မရလေပဲ...

သူကကြည့်မရလားဆိုတော့ နန္ဒကလည်းသူ့ကိုကြည့်မရပေ။ ရှင်းသန့်ကိုအရမ်းနိုင်စားလွန်းတာကြောင့် နန္ဒ နောင့်ကိုကြည့်မရခြင်းဖြစ်သည်။

"မင်းဒီနေ့အားလို့လား ငါ့ဆီလာတာ.."

"အေး ဒီမှာမင်းစားနေကျဘီစကစ်တို့အာလူးကြော်တို့.."

"ငါအခုအဲ့တာတွေမစားချင်ဘူးကွ..."

"ရတယ်လေ ပြန်ယူသွားမယ်.."

မုန့်ထုတ်ကိုအရှေ့ချပေးပြီး ချက်ချင်းအနောက်သို့ပို့လိုက်တာကြောင့် ရှင်းသန့့်် နန္ဒလက်ကိုအမြန်ဆွဲထားလိုက်သည်။

"မင်းကလည်းကွာ စိတ်ချည်းပဲ...
ဒီနေ့မစားချင်ဘူးပြောတာ မနက်ဖြန်စားချင်စားချင်မှာပေါ့.."

"စားချင်တာကိုလာမူနေသေးတယ်..
မြန်မြန်ပြော မင်းအကောင်မင်းကိုဘာမှမကျွေးဘူးမှတ်လား...
အေး ဟိုအကောင်ကတော့နေနိုင်ပေမယ့် ငါကတော့ငါ့သူငယ်ချင်းလေးအငတ်ခံနေရမှာစိုးလို့လာပို့ပေးတာ..."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now