ထိုမျှတင်မကျေနပ်သေးဘဲ သူ့ခါးကိုခြေထောက်နဲ့ချိတ်ကာ လည်တိုင်ကိုကိုက်လာသည်။

"အာ့! နောင် လက်မောင်းမှာဒဏ်ရာကြီးနဲ့မဟုတ်ဘူးလား..."

ရှင်းသန့့်် ဘယ်လိုမှပြောမရနောင်ကကိုက်မြဲတိုင်းကိုက်နေသည်။

"ရှင်းသန့့်် ရှင်းသန့့်် ရှင်းသန့်ရေ့..."

အိမ်ရှေ့ကနေ နန္ဒရဲ့အသံကြောင့် နောင်ကလည်းရပ်သွားပြီး ရှင်းသန့်လ့်လည်း ထဖို့ပြင်လိုက်ည်။ သို့သော် ထမရဘဲ နောင်က အတင်းချုပ်ထားလေသည်။

"နောင် အပြင်မှာနန္ဒရောက်နေတယ် အွန်း..."

နှုတ်ခမ်းကိုနမ်းလာတဲ့နောင်ကြောင့် ရှင်းသန့်ပြန်ထူးလို့မရဘဲ နောင့်ရဲ့နမ်းခြင်းကိုခံနေရသည်။ ရင်ဘက်ကိုလက်နဲ့ထုရိုက်ချင်ပေမယ့်လည်း နောင့်လက်မောင်းကဒဏ်ရာကိုထိသွားမှာစိုးတာကြောင့် သူ့မှာမရိုက်ရက်...

"ရှင်းသန့့်် ရှင်းသန့့်် ရာရှင်းသန့့််.."

"ကျစ် သူများအိမ်ရှေ့လာပြီးအော်ခေါ်နေတယ်.."

နန္ဒရဲ့အသံထပ်ကြားမှ နောင်ကလွှတ်ပေးလာသည်။ သူ့ကိုယ်မှာချိတ်ထားတဲ့ခြေထောက်၂ချောင်းကိုဖယ်ပေးပြီး...

"သွားလိုက် ခင်ဗျားကိုမတွေ့ရရင်သေတော့မယ်အတိုင်းပဲအော်ခေါ်နေတာ..."

ရှင်းသန့်ပါး၂ဖက်နဲ့လက်ပွတ်လိုက်ပြီး ကိုက်ရာတွေပြေအောင်လုပ်လိုက်သည်။

"နောင့် ကိုယ့်ပါးကိုဘာလို့ကိုက်တာလဲ? နာလိုက်တာ.."

"သွားယားလို့ကိုက်တာ ဘာဖြစ်လဲလို့လဲ?.."

အဲ့လိုရလား ကိုယ်လည်းနောင့်ကိုသွားယားလို့ဆိုပြီး ကိုက်ပြစ်လိုက်ချင်တယ်...

"သွားသွာ ခင်ဗျားသူငယ်ချင်းအော်ခေါ်နေတာ လိပ်ခေါင်းထွက်တော့မယ်..."

နောင်ကလည်း သွားခိုင်းနေတာကြောင့် ရှင်းသန့်လည်း ကုတင်ပေါ်ကနေကုန်းထလိုက်သည်။ လူကမိုက်ခနဲဖြစ်သွားပြီး ရှင်းသန့်နံရံကိုလက်နဲ့ကိုင်ထားလိုက်ရသည်။ အိပ်ရေးလည်းမပျက်ဘဲ လူကမူးရိပ်ရိပ်နဲ့ဖြစ်နေသည်။ အသက်ကိုဝဝရှူပြီးမှ အပြင်ထွက်လာလိုက်သည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now