ဒါပေါ့အချစ်ခံရမယ့်ကံဇာတာနဲ့ကျတော်ဟာ
Hyung အချစ်တွေကိုလက်ခံရရှိပြီး
အဲ့ဒီကံဇာတာကိုခံစားခဲ့ပြီးပြီ...။
ခုတော့အချစ်မခံရတော့ခြင်းကံဇာတာနဲ့
အိမ်ထောင်ရေးတခုကိုစရတော့မှာ။

အနားမှာအမြဲစောင့်ရှောက်ပေးနေတဲ့
အချစ်နတ်သမီးလေးတွေလည်း
မျက်ခုံးမှာ အပေါ်နှစ်ပေါက်ဖောက်ထားတဲ့
လူဆိုးကောင်ကြောင့်ဘယ်ကပ်ရဲပါ့တော့မလဲ။
နတ်ဆိုးတွေပဲအနားမှာရှိတော့မှာ..။

"နေကောင်းအောင်နေပါ...
မေမေက ကျတော့်မျှော်လင့်ချက်မို့
ဆေးရုံကို ကိစ္စတွေအားလုံးအတည်တကျ
ဖြစ်ရင် နေ့တိုင်းလိုလိုလာခဲ့ပေးပါ့မယ်..."

"သား ကောင်လေးကိုပါခေါ်ခဲ့နော်..."

"မေမေတွေ့ချင်ရင်ခေါ်ခဲ့မှာပေါ့..."

"Jimin...."

"ဗျာ မေမေ..."

"အဆင်ပြေသွားမှာပါ...သားကိုမေမေယုံတယ်
တကယ်လို့သည်းမခံနိုင်တော့ဘူး
နှလုံးသားက ခံစားမှုရေချိန်တွေကျော်ကုန်ပီဆို
ရုန်းထွက်လိုက်ပါ...မေမေ့ကိုပြန်မကြည့်ပါနဲ့
သားမှာ သားဘဝရှိတယ်...
သား ကိုယ်ပိုင်ပျော်ရွှင်မှုတွေရှိတယ်
တစ်ချိန်လုံး တပါးသူအတွက်ကြီးပဲတွေးပေးဖို့
မလိုဘူးနော်....."

"မေမေ ဆိုရင်တော့ ကျတော် တွေးပေးသွား
အုန်းမှာပဲ..ကျတော့်မှာ မေမေပဲရှိတာကို..."

စကားတွေလှအောင်ပြောနေတာမျိုးမဟုတ်။
မွေးဖွားပေးခဲ့သောမိဘထက်အရေးကြီးတာမျိုး
ဘာရှိအုန်းမှာလဲ။
မေမေ့နားအချိန်တော်တော်ကြာနေပေးရင်း
စိတ်ချမ်းသာစရာအကြောင်းအရာလေးတွေကိုပဲ
ရွေးပြောမိသည်။

ထို့နောက် ဆေးရုံမှပြန်လာခဲ့ကာ
ကားပေါ်တွင်စက်မနှိုးသေးဘဲ
တစ်ယောက်ထဲဟိုတွေးဒီတွေးတွေးမိနေပြန်သည်။

မကြာခင်ကြီးကျယ်လှသောJeonအသိုင်းအဝိုင်း
ထဲသို့ ကောင်းသောလာခြင်းမျိုးနဲ့မဟုတ်ဘဲ
ဒုက္ခသည်သာသာဘဝနှင့်ဝင်ဆံ့ရတော့မည်။

မောင်Opowieści tętniące życiem. Odkryj je teraz