' အဲ့လိုလုပ်လို့ မရဖူး အကို '

' ဘာ! ဘာကိစ္စလုပ်လို့မရရမှာလဲ '

' အဲ့တာက ကျွန်​တော့်ရဲ့ နောက်ထပ် အလုပ်တစ်ခုဖြစ်​နေလို့ '

' ဘာ ! '

သူ အခုဘာ​ပြောလိုက်တာလဲ !ဒီလိုမျိုး ကြမ်းတမ်းရက်စက်လွန်းတဲ့ အလုပ်ကသူ့ရဲ့ နောက်အလုပ်တစ်ခုတဲ့လား... ဖြစ်နိုင်ရဲ့လား..

' ဒီ ကိစ္စ တွေကို ပြန် မပြောချင်​ပေမယ့် အခု​တော့ အကို့ကို ပြောပြမှ ဖြစ်​တော့မယ်'

' .... '

' ကျွန်​​တော်  က​လေး ဘဝထဲက အ​ဖေက ဆုံးတယ်.. အ​မေကလည်း ကျွန်​တော့်ကိုမုန်း​နေခဲ့တာ... ကျွန်တော်ရှိ​နေလို့ သူ အ​ဖေ့လက်ထဲက ပြေးမလွတ်ခဲ့တာတဲ့ .သူမ အ​မြဲ​ပြော​နေကြစကားက * နင်ဆိုတာ မွေးကို မလာသင့်တဲ့ ကောင် * တဲ့ ... အ​ဖေ ဆုံးတဲ့​နေ့မှာပဲ သူမက အိမ်က​နေထွက်သွားတယ်
အသက် ၆ နှစ်နဲ့ မိဘမဲ့ ဘဝကို​​ရောက်ခဲ့ရတာ​ပေါ့ .အဟက်..
နောက်​တော့ ကျွန်​တော် လျှောက်သွားရင် အခုအလုပ်ရဲ့ ပိုင်ရှင်နဲ့​တွေ့ခဲ့တာ..
သူက ကျွန်​​တော့်ကို လေ့ကျင့်ပေးတယ် အသက် ၁၈ လောက်ကြ​တော့
ကြေးစား လူမိုက်ဖြစ်လာတယ်...
နောက်ပိုင်းကြ​တော့ ကျွန်တော် ဆက်မလုပ်ချင်​တော့လို့ ရှောင်ပုန်း​နေရင်း
အကို့ဆီ​ရောက်လာတယ်ပဲ ဆိုပါ​တော့...
ဒီ​နေ့လည်း သူ​ဌေးက ပွဲ ရှိတယ်ဆိုလို့ သွားရတာပါ မလုပ်တာကြာပြီ မို့လို့
အခုလို ခံလာရတာ... '

'....'

ငါ ပြောတဲ့ ငါ့ဘဝ အ​ကြောင်းကို နား​ထောင်ရင်း မျက်ရည်လေး​တွေ ဝဲ​နေတဲ့ အကိုရဲ့ မျက်လုံး​လေး​တွေက သိပ်လှတာပဲ... သနား​နေပြီ မဟုတ်လား အကို..

' အကို ကျွန်တော့်ကို ကြောက်သွားတာလား ဟင် '

' Mean  ရာ.. မင်း.. မင်း ဒီ​လောက် ခက်ခဲတာ​တွေ ကြုံလာခဲ့ရမယ်လို့ မထင်ထားဖူး.. 😥 ငါ မင်းအစား ဝမ်းနည်းလိုက်တာကွာ ဟင့် '

ငါ့ အတွက်ဆိုပြီး အကိုက မျက်ရည် ကျ​ပေး​နေတာတဲ့လား.. အခု​နေများ ငါ့ကို သေလို့ ပြောမယ်ဆိုရင်​တောင် သေ​ပျော်​နေပါပြီ... ငါ အရဲစွန့်ပြီး​တော့ အကို့ရဲ့ လက်ဖဝါးနုနု​လေး တစ်ဖက်ကို ဆုပ်ကိုင်မိလိုက်​တော့ သူက မော့ကြည့်လာတယ်...

🔥P.S.Y.C.H.O🔥Where stories live. Discover now