' Mean! မင်းရဲ့ လက်မှ သွေးတွေထွက်​နေတယ် '

'....'

ကျွန်တော် သူ့ကို​ပြောလိုက်​တော့ သူက အလန့်တကြားနဲ့ အဲ့လက်ကို ကျွန်​တော်မမြင်​အောင် ဖွက်​နေ​သေးတာ..

' အခုမှ လာပြီး ဖုံးကွယ်မ​နေနဲ့ မင်း လက်က ဘာဖြစ်လာတာလဲ နောက်ပြီးတော့ မျက်နှာက​ရော ဘာလို့ mask တပ်ထားတာလဲ '

' ကျွန်​တော် Mask တပ်ရတာ သ​ဘောကျလို့ style .. '

' တော်စမ်းပါ $ပို​တွေ လာမ​ပြောနဲ့ မင်း ဘယ်တုန်းက mask တပ်ဖူးလို့လဲ '

' ..... '

' mask ကို ချွတ်လိုက်လို့ ပြော​နေတယ်​နော် .. '

'..... '

' မင်း ငါ့စကားကို နားမ​ထောင်​တော့ဖူး​ပေါ့ အဲ့လိုလား! '

' မဟုတ်ပါဖူး.. ကျွန်​တော်က အကို လန့်သွားမှာစိုးလို့ '

' ငါက ဘာလို့ လန့်ရမှာလဲ .. '

' ဘာလို့လဲ ဆို​တော့.. '

စကားကို ဆုံး​အောင်မ​ပြောပဲ Mask ကို​ဖြေး​​ဖြေးချင်း ချွတ်​နေတဲ့ သူ့ရဲ့ မျက်နှာကို ကျွန်တော် မြင်လိုက်ရ​တော့.. ဘာ​ပြောလို့ ပြောရမှန်း​တောင် မသိ​တော့ဖူး..
ဖြူဥ​နေကြ အသား​အ​ရောင်က အခု​တော့ ခရမ်းရောင်​တွေထပြီး ယောင်ကိုင်းလို့ နှုတ်ခမ်း ဒေါင့်နားကလည်း သွေး​တွေက တစိမ့်စိမ့် ထွက်နေ​သေးတာ..
ဝတ်ထားတဲ့ အ​​နွေးထည်ကိုပါ ချွတ်ပစ်လိုက်​တော့မှ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာ​တွေ၊ သွေး​တွေ ၊ ရွှံ​တွေ အလိမ်းလိမ်း နဲ့ကို ဖြစ်​နေတာ..

' Mean!! မင်း ဒဏ်ရာ​တွေ ရလာတာလား ဘာဖြစ်လာတာလဲ မင်းကို ဘယ်သူက ဘာလုပ်လိုက်တာလဲ '

' .... '

' ငါ မေး​နေတယ်​လေ ! မင်းကို ဘယ်သူက လုပ်တာလဲလို့ '

စိတ်ပူတာ​ရော ဒေါသထွက်တာ​ရော​ပေါင်းပြီး ကျွန်တော် အသံ​တွေပါတုန်ယင်​နေတာ မျက်ရည်တွေလည်း ဝဲ​နေမိတယ်.. ဘယ်သူကများ ဒီ​လောက်အထိကို ရက်ရက်စက်စက် လုပ်ရပ်နိုင်ရတာလဲကွာ.. တောက်!

' Mean ငါတို့ ရဲသွားတိုင်ရ​အောင် အဲ့​ကောင်​တွေ မျက်နှာကို မှတ်မိလား.. ငါတို့ ရဲ စခန်းကိုသွားမယ် အမှုဖွင့်မယ် ထောင်ချပစ်မယ်..ငါတို့.. '

🔥P.S.Y.C.H.O🔥Where stories live. Discover now