အပိုင်း၁၅

Start from the beginning
                                    

ကျိုးအိမ်တော်ထဲတွင်လည်း ရှောင်ဟန်တစ်ယောက် အခုချိန်ထိ ဘာမှ မပြင်ဆင်ရသေးပေ။ မွေးနေ့ရှင် ကိုယ်တိုင်ကလည်း ဘာဆိုဘာမှ မပြင်ဆင်ရသေး​။
အကြောင်းရင်းသည်ကား ထိုကလေးက နေ့လည်ကတည်းက ခြံအောက်တွင် အခြားသူတွေရဲ့ပွဲ ပြင်ဆင်တာတွေကိုကြည့်ပြီး မျက်စိနောက်သည်ဟု ဆိုကာ သူ့ကိုပါ အပြင်မထွက်ခိုင်းဘဲ အခန်းထဲတွင်သာ အတင်းပေကာ ဂျီကျပြီး အတူအိပ်ခိုင်းထားသည် မဟုတ်လား။

ယခုလည်း အခုထိ နိုးနေသည်ကို မထသေးဘဲ သူ့ကိုပါ ဖက်ပြီးအိပ်နေတာက မပြီးစီးနိုင်တော့ပေ။ ရှောင်ဟန်က ထိုကလေးလက်ကိုဖယ်ပြီး ထမယ်လို့ပြင်လိုက်တိုင်း ထိုကလေးက ပို၍တိုးကာဖက်ထားပြန်သည်။ လူတွေက စုံတော့မည် မွေးနေ့ရှင်က ယခုထိ ဘာမှကို  မပြင်ဆင်ရသေးဘဲ အတင်းပေကပ်ကာ အိပ်နေလေသည်။

  မနေနိုင်တော့သည့် ရှောင်ဟန်ကပဲ ကျိုးယွင်၏ ပါးလေးကို ဆွဲညှစ်လိုက်ပြီး သိမ်းသွင်းရတော့သည်။

"အားယွင်လေး...ထတော့လေ...အခုလို...ပြောစကားကိုထားမထောင်ဘူးဆိုရင်...ကော က မင်းကို မချစ်
တော့ဘဲ နေလိုက်မှာနော်...အခုထတော့.... ၇နာရီဆိုရင် ပါတီကစတော့မှာ အခုတောင် ၆နာရီခွဲတော့မယ်...အဖေ..လာခေါ်လို့ ဘာမှ မပြီးသေးရင်... မကောင်းဘူးနော်... အားယွင်ကမထချင်ရင်လည်း ကောကို လက်ဖယ်ပေးတော့ ကော ရေသွားချိုးတော့
မယ်..အချိန်ကမရှိတော့ဘူး... အမြန်ထတော့...ဒီဘက်ရေချိုးခန်းကို အားယွင်လေး သုံးလိုက်...ကောက ကောအခန်းမှာပဲ သွားချိုးလိုက်မယ်...အချိန်မရှိတော့ဘူး"

အားယွင်လေးက သူ့ကို စူပုတ်ပုတ်လေးလုပ်ကာ ကြည့်ပြီး အိပ်ချင်မူးတူး ပုံစံဖြင့် ပြန်ပြောလိုက်သေးသည်။

"အဲ့ မွေးနေ့ပွဲကိုက...အလုပ်ရှုပ်နေတာ...ပြီးကို မပြီးနိုင်တော့ဘူး...ကောကသာ...ရေမြန်မြန်ချိုး...ကောရေချိုးတာက ဇိမ်ပြေနပြေနဲ့ ကျွန်တော်က ကောလောက် မကြာဘူးလေ...မဟုတ်ဘူးလား..."

"ဟုတ်ပါပြီ...ကောကပဲကြာတာပါ...ကဲ..ကျေနပ်ပြီလား..အဆိုးလေး...လက်ကိုဖယ်ပေးတော့"

ရှောင်ဟန်လည်း ကျိုးယွင်က သူ့ကိုယ်ပေါ်ကနေ လက်ဖယ်လိုက်ပြီ ဆိုတာနဲ့ အချိန်မရှိတော့၍ စကားရှည်ရှည်ဝေးဝေး ဆက်မပြောတော့ဘဲ အခန်းပြင် ကို အမြန်ထွက်ခဲ့လိုက်သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now