အဲ့ဒီကုန်စိမ်းပွဲရုံမှာ ဘဂျမ်းအဆင်ပြေနေခဲ့တာပဲ။ ရိုးရိုးသားသားနေခဲ့ပေမဲ့ ဘဂျမ်း ဘဝကအမြဲမဖြောင့်ဖြူးပါ။ သီရိမင်္ဂလာစျေးကို အောက်ဆိုက်ကားဆွဲတဲ့ဆီက အုံနာက ဘဂျမ်းကိုသဘောကျလို့ အတင်းခေါ်တာ။ အလုပ်လုပ်တာ ဝီရိယရှိပြီး ငွေရေးကြေးရေးစိတ်ချရသူဆိုတော့ ဘဂျမ်းကို သူ့အလုပ်မှာခိုင်းချင်လို့အတင်းကိုခေါ်တော့တာ။ ပွဲရုံက အစ်ကိုနဲ့အစ်မက ဘဂျမ်းကိုတာဝန်ယူပြီးခေါ်လာတာမှန်သော်လည်း ထိုအချိန်သူတို့လင်မယားကလဲ လောင်းကစားကြောင့်တိုင်ပတ်နေချိန်.... ခေါ်တဲ့ အောက်ဆိုက်ကားအုံနာက လူမိုက်တွေနဲ့လက်ပွန်းတနီးနေသူဆိုတော့ ဘဂျမ်းသဘောထားကိုမေးပြီး အမေ့ကိုမတိုင်ပင်ဘဲ လွှတ်လိုက်တော့သည်။

ဘဂျမ်းက တကယ်တော့....ကားကိုစိတ်ဝင်စားတာ။ ကားမောင်းသင်ချင်သည်။ ကားမောင်းချင်သည်။ ကားနောက်လိုက်ရင် အလိုလိုသင်ပေးကြမှာပဲဆိုသည့်အတွေးသာရှိသည်။ ကုန်စိမ်းဆိုင်မှာထက်စာရင် ပိုက်ဆံလဲပိုရမည်။ ပင်ပန်းတာလဲသက်သာမည်ပေါ့။ ဒါ့အပြင် ရွာကအတူပါလာတဲ့ သူငယ်ချင်းကလဲ မနှစ်လောက်ကတည်းက အဲ့ဒီကားအုံနာဆီမှာ အလုပ်ဝင်လုပ်နေပြီဆိုတော့ ဘဂျမ်း ရှည်ရှည်ဝေးဝေးမတွေးဘဲ ကားစပယ်ယာ စလုပ်ဖြစ်ခဲ့သည်။

အစပိုင်းတော့ အဆင်ပြေတာပေါ့။ ဘဂျမ်းက အလုပ်ကို မခိုမကပ်လုပ်တဲ့သူပဲလေ။ ကားမောင်းသမားတွေက အောက်ဆိုက်ကားဆိုတော့ အမောင်းတော့ကြမ်းသည်။ လူတွေလဲ ခပ်ကြမ်းကြမ်းပါပဲ။ ယာဥ်စည်းကမ်း လမ်းစည်းကမ်းမလိုသလို တစ်ချို့တွေဆို ယာဥ်မောင်းလိုင်စင်တောင်မရှိကြ။ တိုက်ပြီလားဆို ကားကိုထားပြီး ပြေးကြသည်။ ဒီတော့ ကားပိုင်ရှင်ပဲရှင်းရသည်။ ကားပိုင်ရှင်ကလဲ တစ်နေ့လေးငါးသောင်းဝင်နေတော့
လူမိုက်ကိုအားကိုးပြီး ဖြစ်သမျှပြသနာရှင်းသည်။

ပထမတော့ ဘဂျမ်းပုံက ညိုညိုမောင်းမောင်းနဲ့ဆိုတော့ ဒီအလုပ်နဲ့ကိုက်သည်ပေါ့။ ဒါက အပြင်ပန်းကြည့်ပြီးပြောကြတာ။ တကယ်တမ်းက ဘဂျမ်းအေးအေးနေချင်သည့်သူ....အလုပ်ကိုကြိုးစားလုပ်ချင်သူ....အမေနဲ့ တူလေး တူမလေးတို့အတွက် ပိုက်ဆံကို သမ္မာအာဇီဝကျကျရှာချင်သူ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေDonde viven las historias. Descúbrelo ahora