အပိုင်း (၁) ပြန်လည်တွေ့ဆုံခြင်း

1.3K 52 3
                                    

ကျွန်မစာအုပ်တွေမဖတ်ဖြစ်တာ ၃နှစ်နီးပါးရှိပါပြီ၊အထုတ်အထည် ကိုလက်နဲ့ကိုင်ပြီးဖတ်ရတဲ့အရသာကို မေ့လုနီးပါးဖြစ်နေသလိုပင်။

၂တန်းအရွယ်လောက်ထဲက ကျွန်မက အချစ်ဝတ္တုတွေနဲ့ရင်းနှီးခဲ့တယ်။ဘေးအိမ်က အဒေါ်ပျိုကြီးရဲ့ကျေးဇူးကြောင့်ပေါ့...ဘယ်စာအုပ်ကိုစပြီးဖတ်တာလဲတော့ မမှတ်မိတော့ပေမယ့်လည်း သေချာတာက ရုပ်ပြကာတွန်းမဟုတ်ပဲ ဝတ္ထုစာအုပ်ဆိုတာကိုတော့ မှတ်မိသေးတယ်။

ကလေးအရွယ်ထဲ ကျွန်မမှာဗဟုသုတရတဲ့စာအုပ်ဖတ်တဲ့အချိန်က မရှိသလောက်ပဲ၊အချစ်ဝတ္တုတွေက ကျွန်မတအားကိုသဘောကျတဲ့ထဲမှာပါတယ်။အဲ့လိုပြောလို့ အချစ်ဝတ္ထုတွေကနေဗဟုသုတမရခဲ့ဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူး။သို့သော်လည်း ၂တန်းအရွယ်ကျွန်မနဲ့အချစ်လုံးချင်းဝတ္ထုတွေနဲ့က နည်းနည်းတော့ အဆင်မပြေသေးဘူးမဟုတ်လား။

ဒါပေမယ့် ကျွန်မ မိဘတွေကဘာမှမပြောခဲ့ဘူး၊အချစ်ဝတ္ထုဖတ်နေလို့ ငါ့သမီးတော့ လင်စိတ်သားစိတ်များမှာလားလို့ သူတို့မတွေးခဲ့ကြတာကို ကျွန်မသိပ်ကျေးဇူးတင်မိတယ်။

တစ်ချို့မိဘတွေရှိတယ် သူတို့သားသမီးတွေဝတ္ထုဖတ်ရင်ကို....
"ဒီစာအုပ်တွေ ဖတ်မှတော့၊
နင်တို့ လင်အစောရမှာပေါ့" ဆိုတဲ့ မိဘက ကျွန်မရဲ့ပတ်ဝန်းကျင်မှာကို မြင်နေရတာပါ။

ကျွန်မတို့နဲ့ နှစ်အိမ်ကျော်က ကျွန်မထက်အသက်တစ်နှစ်ကြီးတဲ့အမရှိတယ်။သူက ကျွန်မထက် ၁၀တန်းအရင်ဖြေပြီးတာပေါ့..ကျွန်မကလည်း၉တန်းနှစ် နွေရာသီပိတ်ရက်ဆိုတော့ ထုံးစံအတိုင်း မီးကလည်းနေ့ခင်းတွေဆိုပျက်တတ်တော့ ကျွန်မ စာအုပ်ဆိုင်ကနေ ဝတ္ထုစာအုပ်ငှါးဖတ်တယ်။

အဲ့ဒီမှာ အဲ့ဒီအမကနေပြီး သူလည်းဖတ်ချင်တယ်ဆိုလို့ ကျွန်မငှါးလိုက်တယ်...ဒါကို သူ့အမေက
"နင်အခုမှ ၁၀တန်းဖြေထားတာနော်...
ရုတ်ရုတ် ရုတ်ရုတ်တွေလုပ်ဖို့မကြံနဲ့၊ ဒီအရွယ်လေးရှိသေးတယ် အဲ့ ဝတ္ထုဖတ်ပြီး စိတ်ကူးယဥ်ဖို့စဥ်းစားမနေနဲ့"

အိမ်ဝိုင်းတွေကလည်း ခြံစည်းရိုးဘာညာမရှိပဲ အပင်လေးတွေသာ ခြားထားသည်မို့ ထိုအပြောကို အိမ်အောက်မှာထိုင်ပြီး ဝတ္ထုဖတ်နေတဲ့ကျွန်မအတိုင်းသားကြားလိုက်ရတာပေါ့။အဲ့တာနဲ့ ကျွန်မနဲ့မနီးမဝေးမှာ မီးပူတိုက်နေတဲ့ အမေ့ကို...
"အမေရော သမီးကိုမပြောဘူးလား.."လို့ မေးမိသည်။

MyselfWhere stories live. Discover now