အခန်း (၁၉)

Start from the beginning
                                    

အတိတ်တုန်းက ရန်ရှီးထင်သည် ရန်ရှီးနဥ်ထက်ပိုလှသည်ဟု ထင်ရသည်မှာ ရန်ရှီးထင်က လှပသောဝတ်စုံများကို ဝတ်ဆင်ပြီး မျက်နှာချေများကို လိမ်းခြယ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ရန်ရှီးနဥ်က ဖေ့ကျင်းကို လက်ထပ်ပြီးနောက်တွင် ရန်ရှီးနဥ်က ရွှမ်ချင်းမှ ဆင်းရဲနွမ်းပါသော သမီးလေး မဟုတ်တော့ချေ။

သူမအစား ရန်ရှီးနဥ်ကို အားလုံးက လေးစားသဘောကျနေသောကြောင့် ရန်ရှီးထင် မပျော်ရွှင်ပေ။ အိမ်ရှေ့စံမင်းသားက ရန်ရှီးနဥ်ကို အကြိမ်များစွာ စိုက်ကြည့်နေသည်ကို သူမ သတိထားမိလေသည်။

ရန်ရှီးထင် မနာလိုသဝန်တိုပြီး မချင့်မရဲဖြစ်မိသော်လည်း သူမ ဘယ်နေရာမှာ ထိုင်နေသည်ကို သူမ သိ၍ သူမလျှာကို ထိန်းချုပ်ထားရသည်။

"အိမ်ရှေ့စံအစ်ကိုကြီး ဒီအသီးလေး စားပါဦး" ရန်ရှီးထင် ပြော၏။

"ကျေးဇူး" ဖေ့လန်ပြောပြီး ရန်ရှီးနဥ်ကို ကြည့်လိုက်၏။

"ညီမတော်ကိုး မင်းလည်း ဒီအသီးကို စားကြည့်သင့်တယ်"

ဖေ့လန်သည် ကချေသည်များကို ကြည့်ဟန်ဆောင်လိုက်သော်လည်း သူ့နှလုံးသားကမူ သူမလည်ထောင်ကို ညှိလိုက်၍ နှင်းလိုဖြူဖွေးသော လည်ပင်းသားပေါ်တွင် အနီရောင်အနမ်းရာအမှတ် ဖျတ်ခနဲ ပေါ်သွားသည့်ပုံရိပ်ကိုသာ မြင်ယောင်နေမိသည်။ နောက်တော့ သူ့ညီလေးက မာလာတော့သည်။

ရန်ရှီးထင်နှင့် အိမ်ရှေ့စံမင်းသားတို့ သူမကို စိုက်ကြည့်နေပြီးနောက် ရန်ရှီးနဥ် ပျော်ရွှင်စွာ သက်ပြင်းချလိုက်၏။ နန်းတွင်းနို့ထိန်းအစေခံက ဖေ့ခန်းလက်ကိုကိုင်ကာ ဥယျာဥ်ထဲ လမ်းလျှောက်နေသည်ကို ရန်ရှီးနဥ် မြင်လိုက်ရသည်။

"နဥ် နဥ်" ဖေ့ခန်းက ဖေ့ကျင်းအား မြင်ပြီးနောက် ပြောလာ၏။

ဖေ့ခန်း သူ့နို့ထိန်းအစေခံလက်ကို လွှတ်ကာ ဖေ့ကျင်းဆီသို့ ပြေးလာသော်လည်း သူက မတော်တဆ ရန်ရှီးထင်ကို တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ အော်ငိုပြီး မတ်တတ်ရပ်ရန် ရန်ရှီးထင်၏ဂါဝန်ကို ဆွဲလိုက်ရာ သူ့လက်ပေါ်ရှိ ညစ်ပေနေသည့်အရာများက ရန်ရှီးထင်၏ဂါဝန်ကို ပေကျံစေသည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now