အခန်း (၁၉)

Zacznij od początku
                                    

ရန်ရှီးနဥ်သည် ဖေ့ခန်းကို ချစ်ခင်စွာ ကြည့်နေရသည့်အကြောင်းရင်းမှာ ဖေ့ခန်းသည် ချစ်စရာကောင်းသောအရူးလေးနှင့် တူနေပြီး ဖေ့ခန်းကို စနောက်ချင်နေသောကြောင့်ဖြစ်သည်။

ဥယျာဥ်ထဲရှိ သစ်ပင်အကိုင်းအခက်များကို ပိတ်သားအထည်စများ၊ မီးပုံးများဖြင့် အလှဆင်ထားပြီး ကောက်သစ်စားပွဲတော်ည၌ သော်တာလမင်းကို ရှုစားရန် ဥယျာဥ်ထဲတွင် ဧည့်သည်တို့အတွက် စားသောက်ပွဲစားပွဲခုံများကိုလည်း ခင်းကျင်းထားသည်။ အစားအစာနှင့် သေရည်အရက်တို့၏ နှစ်လိုဖွယ်မွှေးရနံ့တို့ကို ရန်ရှီးနဥ် အနံ့ခံမိသည်။ သူမ သည် အသီးများကိုစား၊ သေရည်သောက်ပြီး တေးသီမယ်တို့၏ သီချင်းများကို ပျော်ရွှင်စွာ နားထောင်လျက်ရှိသည်။ သူမကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေသော လူနှစ်ယောက်ဘေးနားတွင်သာ သူမ ထိုင်မနေရဘူးဆိုလျှင် သူမ ပိုတောင် ပျော်လိမ့်ဦးမည်။

ဖေ့ကျင်းက ရန်ရှီးနဥ်၏ ဘယ်ဘက်တွင် ထိုင်နေပြီး တစ်ခြားတိုင်းပြည်မှ အလည်လာသော သံတမန်ကို စကားပြောနေလေသည်။ သူမညာဘက်တွင်တော့ ရန်ရှီးထင်က သူမနှင့် အိမ်ရှေ့စံမင်းသားကြားတွင် ထိုင်လေသည်။

နန်းတော်၏ စည်းမျဥ်းစည်းကမ်းအရ အိမ်ရှေ့စံမင်းသားဘေးတွင် သူ့ဇနီးမဟုတ်လျှင် ရန်ရှီးထင်ကို ထိုင်ခွင့်မပြုသော်လည်း မိဘုရားခေါင်ကြီးက အရှင်မင်းမြတ်ကို ဤကဲ့သို့ ပြောလာလေသည်။ "ကျွန်မ ရန်ရှီးထင်ကို မမြင်ရတာ ရက်အနည်းငယ်ရှိပြီ၊ သူမကို လွမ်းနေတာ၊ သူမကို အဲ့မှာ ထိုင်ခိုင်းလိုက်ပါ"

ရန်ရှီးထင်က သဘောမတူသလိုလို ဝန်လေးသလိုလို ဟန်ဆောင်ကာ အိမ်ရှေ့စံမင်းသားဘေးတွင် ထိုင်လိုက်သည်။ ရန်ရှီးထင်နှင့် အိမ်ရှေ့စံမင်းသားတို့ ဘေးချင်းကပ်လျက် ထိုင်နေပုံမှာ ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်လိုပင်။ ရန်ရှီးထင်က အိမ်ရှေ့စံမင်းသား၏ ဇနီးဖြစ်လာမည်ဆိုတာကို လူတိုင်း သိကြသည်။

ကံဆိုးချင်တော့ ရန်ရှီးထင်၏
မာနကြီးမောက်မာနေကျပုံစံသည် ရန်ရှီးနဥ်ဘေးတွင် ထိုင်နေပြီးနောက် အနည်းငယ် လှုပ်ယမ်းလာသည်။ သူမက နေ့ရက်ပေါင်းများစွာ အချိန်ယူချုပ်လုပ်ခဲ့ရသော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ရန်ရှီးနဥ်ဝတ်ဆင်ထားသော ဝတ်စုံ၏ တစ်ဝက်လောက်ပင် စျေးမကြီးပေ။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Opowieści tętniące życiem. Odkryj je teraz