" အင်း အင်း ခနလေး ခနလေးနော်။"

စစ်သည်ရှေ့က ချစ်စရာပိုးဟပ်ဖြူလိုကောင်လေးခါးက လက်ကလေးတပြပြနဲ့ ပြန်အိပ်ပျော်နေရှာသည်။ အခုချိန်မှာနှုတ်ခမ်းလေးကို စစ်သည်ဆွဲစုပ်ကာ အကြင်နာတွေပေးပစ်လိုက်ချင်သည်။

စိတ်ထိန်း စိတ်ထိန်း စစ်သည်။ လူမြင်ကွင်းကြီးမှာ။

စစ်သည်ကိုယ့်ကို သတိပြန်ပေးနေခြင်းဖြစ်သည်။

" ခါးထမလား မထဘူးလား။ မဟုတ်ရင်ကိုယ် ခါးရဲ့နှုတ်ခမ်းတွေထူအမ်းလာအောင်နမ်းပစ်မှာနော်။"

စစ်သည်ရဲ့ခြိမ်းခြောက်မှု့က အသုံးဝင်လှသည်။ ခါးရဲ့မျက်လွှာလေးနှစ်ခုက ဖျတ်ခနဲပွင့်လာသည်။ မှီအိပ်နေရာမှ ချက်ချင်းကိုယ်မတ်ခနဲထထိုင်လာသည်။

" ဟင်..."

နှင်းခါးဝိုင်မျက်လုံးပွင့်ပွင့်ချင်း ပထမဦးဆုံးမြင်လိုက်ရတာက ကမ်းခြေကရေပြာပြာတွေကိုပင်။ ဒါဆိုသူချောင်းသာကိုရောက်နေခဲ့တာပေါ့။

" အကို ကျွန်တော်ချောင်းသာကိုရောက်နေတာလားဟင်။"

" ဟုတ်တယ်လေ။ ခါးကချောင်းသာမရောက်ဖူးဘူးလို့ ကိုယ့်ကိုပြောဖူးတယ်မဟုတ်လား။ ကိုယ်ကခါးနဲ့ချောင်းသာကို တစ်နေ့အတူတူသွားမယ်ဆိုပြီး စီစဥ်ထားတာ။ အကြောင်းတိုက်ဆိုင်စွာနဲ့ ဒီနေ့ကိုရောက်လာခဲ့တာ။"

" အားးး  ကျွန်တော်ပျော်လိုက်တာ။ "

အပျော်လွန်ကာ မျက်ရည်များကြားမှ နှင်းခါးဝိုင်စစ်သည်ကို လည်ပင်းကနေသိုင်းဖက်လိုက်သည်။ သူတကယ်ရောက်ဖူးချင်နေခဲ့သော ချောင်းသာ။ ကမ်းစပ်မှာရေကစားချင်ခဲ့သော သူ့အိပ်မက်ကို အကိုကအကောင်ထည်ဖော်ပေးခြင်းဖြစ်သည်။

နှင်းခါးဝိုင်ကားထဲကနေပြေးထွက်ကာ ကမ်းခြေကိုအပြေးသွားလေသည်။

ခုန်ပေါက်ကာကလေးတစ်ယောက်လို အော်ဟစ်ရင်း ကမ်းခြေကိုပြေးလွှားနေတဲ့ ခါးကိုကြည့်ရင်း စသ်သည်အလိုလိုပြုံးလာမိသည်။

ကမ်းခြေကိုတကယ်ကြိုက်တဲ့ကောင်လေးပဲ။ ကမ်းခြေကိုရောက်လို့ ပျော်နေရှာတာကလေးလေးတစ်ယောက်လိုပဲ။ တစ်လမ်းလုံးစိတ်မကောင်းဖြစ်ကာ ငိုလာတဲ့ခါးက ကမ်းခြေရောက်လို့ပျော်နေတဲ့ ခါးနဲ့လုံးဝမှသက်ဆိုင်ချင်းမရှိ။

အချစ်တို့နှင်းအပ်ရာ (အချစ်တို့နှင်းအပ်ရာ)🍓(Zawgyi&Unicode)Место, где живут истории. Откройте их для себя