အပိုင်း၁၀

Start from the beginning
                                    

ထိုနေရာသည်က သူအိမ်မက်ထဲပင် ဘယ်တော့မှထည့်မမက်ချင်သည့် အလွန်မှောင်မည်းနေသည့် လောကတစ်ခုထံသို့ သူ့ကို ဆွဲချလိုက်သည် ဆိုတာပင်။ သူအရမ်းကြောက်ရွံ့၍ အသံ အကျယ်ကြီးဟစ်ကာ အော်လိုက်သော်လည်း သူရဲ့အသံက လုံးဝထွက်မလာ။

သူ့အတွက် သူ့ရဲ့ အသံကတောင်မှသူ့ဘက်မှာရှိမနေခဲ့ သူ့ကို သစ္စာဖောက်၍ သူဘယ်လောက်အော်နေပါစေ...သူရဲ့အသံများသည်က ခွေးစားလို့သွားသလိုပင် တစ်စက်ကလေးမှ ထွက် မလာခဲ့ပေ။
ဒါက သူပို၍ ကြောက်မိသောအရာဖြစ်သည်။ သူ့က ဘာမှကို သုံးစားလို့မရသည့် လူစားကဲ့သို့ ယခု အခြေ အနေက ကျရောက်သွားပြီမဟုတ်လား။ အော်ဟစ်ကာ အကူ အညျီ လေးပင် သူ့မှာမတောင်းနိုင်...ဟင့်အင်း မဟုတ်ဘူး...သူ့မှာတောင်းဆိုခွင့်မရှိ...

ရှောင်ဟန်ရုတ်တစ်ရက် သူ့ရဲ့ နားထဲတွင် ဝေ့ဝဲပျံ့လွင့်လာသည့် အော်ခေါ်သံကို ကြားလိုက်ရသည်။

"ရှောင်ဟန်ကော...ရှောင်ဟန်ကော...ကော ဘာဖြစ်နေတာလဲ..."

"ရှောင်ဟန်ကော...ထအုံးလေ"

ကျိုးယွင် သူ့အရှေ့က ထိုလူကို အတင်းလုပ်နှိုးနေရသည်။ ရှောင်ဟန်ရဲ့ မျက်ဝန်းများက အိမ်မက်ဆိုးမက်၍ထင်သည် မျက်ရည်များစီးကျနေလေသည်။
ပါးစပ် ကလည်း တစ်ယောက်ယောက်ကို အကူအညီ တောင်းနေသလိုမျိုး ညီးညူနေလေသည်။

ရှောင်ဟန်ရဲ့ မျက်ဝန်းများက ယခုမှ ဖြည်းညင်းစွာ ဖွင့်လာခဲ့သည်။

ရှောင်ဟန် က သူရဲ့ စိုစွတ်နေသော မျက်ဝန်းများရှေ့တွင် မရေမရာ ပုံရိပ်ကလေးကိုမြင်နေရသည်။ ထိုအရာက ကျိုးယွင်ဖြစ်ဟန်တူသည်။ သူ့ကို စိတ်မချစွာ ကြည့်နေလေသည်။

ရှောင်ဟန် ယခုမှ ပြုံးလိုက်မိသည်။ ကျိုးယွင်က သူ့ရဲ့ကယ်တင်ရှင်လေးလိုပင် အခုမှ သူစိတ်သက်သာမိတော့သည်။ သူဒီလိုအိမ်မက်မျိုး တစ်ခါမှမမြင်မက်ခဲ့ဖူးပေ။ မမြင်မက်အောင်လဲ အကြိမ်ကြိမ်ဆုတောင်းဖူးသည်။ ဒီနေ့မှ ဘာဖြစ်လို့မက်မှန်းသူမသိ။
ရှောင်ဟန်သည် သူ့ရဲ့ အိမ်မက်က သူ့ရဲ့ ကံဆိုးခြင်းရဲ့ အစဆိုတာ သူမသိလိုက်ပေ။ သူ့ရဲ့ ကယ်တင်ရှင်လေးကျိုးယွင် ကလည်း သူ့ရဲ့ ထိုကံဆိုးခြင်းရဲ့ နယ်နိမိတ်ဆိုတာ။ ကျိုးယွင်ကြောင့် ဖြစ်လာမည့် သူ့ရဲ့ အရာအားလုံးအတွက် သူမရိတ်မိလိုက်ပါချေ။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now