"ပြန်တော့hyung ပြန်တော့လို့ပြောနေတယ်"

"Jeonပဲhyungကိုချစ်တယ်ဆို လာပါ"

ကျွန်တော်Jeonဆီသွားဖို့ခြေလှမ်းလိုက်ပေမယ့် ခြေလှမ်းတွေလှမ်းမရတော့ ကျွန်တော်ခြေထောက်ကိုငုံ့ကြည့်ပြီး အရှေ့ကိုပြန်ကြည့်တော့ ဘုရားရေJeonရဲ့ရှပ်အဖြူလွှလွှမှာ နီရဲနေတဲ့သွေးကွက်တွေက အမြဲစီ‌းနေကြရှူးဖိနပ်ပေါ်ထိတစ်စက်စက်ကျလျက် မျက်နှာမှာတော့ဖြူဖျော့စွာဖြင့် ကျွန်တော်ကိုပြုံးပြီးကြည့်ကာ ဖြူဖျော့နေသည့် နှုတ်ခမ်းအစုံမှ ကျွန်တော့်ကိုနှင်လွှတ်မည့် စကားအချို့ထွက်လာသည်။

"Yoongiထွက်သွားပါတော့ကျေးဇူးပြုပြီး"

ကျွန်တော်ရုန်းမိသည်။ သို့သော်ခန္ဓာကိုယ်က လှုပ်မရအသည်းအသန်ရုန်းမိပေမယ့် လှုပ်မရ။
မျက်ဝန်းတစ်ခုလုံးအမှောင်ကျကုန်သည်။ နားထဲမှလည်းပြေးလွှားနေသံတစ်ချို့နှင့် ‌အမေ၏‌ေခါ်သံကိုပါကြားလိုက်ရသည်။

"လူနာMin Yoongi ကျွန်တော်ပြောတာကြားရင်လက်လှုပ်ပြပါ"

ထိုအခါ လက်တစ်ချောင်းကိုအသာလှုပ်မိသည်။ ထိုအခါ ဘယ်မျက်ဝန်းပေါ်သို့ကျရောက်လာသည့် ပူနွေးသောလက်တစ်စုံနှင့် အလင်းစူးစူး။

"လူနာပြန်နိုးလာပါပြီ ဒါပေမယ့်ဒီရက်ပိုင်းအတွင်း အခြေအနေကပြောင်းပြန်ဖြစ်နိုင်သလို ကောင်းချင်ကောင်းလာနိုင်တယ် ဒါကြောင့် သေချာဂရုစိုက်ပေးပါ နှလုံးခုန်မမှန်တာတို့ အောက်ဆီဂျင်မပြည့်တော့တာတို့ဖြစ်ရင် ချက်ချင်းအကြောင်းကြားပေးပါ"

"ဟုတ်ကဲ့ပါ Dr. ကျေးဇူးတင်ပါတယ်"

"အဲ့ဒါဆိုကျွန်တော့်ကို သွားခွင့်ပြုပါဦး"

ထွက်သွားသောခြေလှမ်းသံတို့နောက် အမေရဲ့ခေါ်သံနှင့် ကိုင်ဆုပ်ခံလိုက်ရတဲ့လက်တစ်စုံ။

"ကျေးဇူးတင်ပါတယ်သား အသက်ရှင်ခဲ့ပေးလို့
TVဖွင့်ပေးရမလား ပျင်းနေလိမ့်မယ်"

သူလက်ဖြင့်သာအချက်ပြလိုက်သည်။
ထို့နောက် TVမှလာသောသီချင်းသံတို့ကိုသာနားဆင်နေမိသည်။ သို့သော်မကြာလိုက် breaking newဟုဆိုကာသီတင်းတစ်ပုဒ်လာနေသည်။

B L I N D (Completed)Where stories live. Discover now