အပိုင်း🌺၄၇🌺

Start from the beginning
                                    

""ခင်ဗျား အရမ်းကို ဒုံးဝေးနေသလား..ကိုလွန်းပုံရိပ်..ဟမ်..ကျွန်တော် ခင်ဗျားကိုမလိုအပ်ဘူး..ထွက်သွားပါ...ထွက်သွားပါတော့...ကျေးဇူးပြုပြီး..ကျွန်တော်ကို စိတ်ဒုက္ခတွေ ထပ်ပြီး မပေးပါနဲ့တော့..ထွက်သွားပါ..ထွက်သွားပါတော့....အား....""

ခါးသက် ဒေါသတကြီးအော်ဟစ်ရင်း..သူ့အနားက ပစ္စည်းများကို ကြမ်း‌ပြင်ပေါ် အကုန်လုံး တွန်းချပစ်လိုက်၏။

""ခါးသက်..မင်းမေ့သွားပြီလား..မင်းငါ့ကိုပေးခဲ့တဲ့ကတိတွေကိုလေ..""

""မမေ့လဲ..မေ့ပစ်နိုင်အောင် ကြိုးစားရတော့မှာဘဲ..ခင်‌ဗျားလဲ အတူတူဘဲ..အရင်က.ကျွန်တော်ပေးခဲ့တဲ့ ကတိစကားတွေအကုန်လုံးကိုမေ့ပစ်လိုက်ပါ။  နောက်ထပ်..ဒီက ဒုက္ခိတ ကောင်ဆီကနေ ဘာတွေများ မျှော်လင့်နေချင်သေးတာလဲ..ဟမ်..ဘာတွေများ မျှော်လင့်ချင်နေသေးတာလဲ..""

ခါးသက် စိတ်လွတ်ကိုယ်လွတ်နဲ့ ဒေါသတကြီးနဲ့ အော်ဟစ်ပြီး မေးလိုက်လေသည်။

""ကောင်းပြီလေ..မင်းသေချာသွားပြီလား..တကယ်ဘဲ..ငါ့ကိုမင်းမလိုအပ်တော့ဘူးပေါ့..""

""ဟုတ်တယ်.မလိုအပ်တော့ဘူး...အခုချိန်မှာ ခင်ဗျားမျက်နှာကို ကျွန်တော် မမြင်ချင်ဆုံးဘဲ..""

ခါးသက် နာကျင်ကြေကွဲစွာနဲ့ မုသားစကားတို့ကိုဆိုလိုက်လေသည်။

""ကောင်းပြီလေ..ငါအခုလိုအသက်ဆက်ရှင်နေရတာ.မင်းကြောင့်လေ..ငါပြောခဲ့ဖူးပါတယ် မင်းမှတ်မိသေးလား..ခါးသက်..မင်းငါ့ကိုထားသွားမဲ့နေ့က..ငါရဲ့သေနေ့ဘဲလို့လေ။
အခုမင်းက ငါ့ကိုမလိုအပ်တော့ဘူးဆိုရင်..ငါလဲ အသက်ဆက်ရှင်ဖို့အတွက် အကြောင်းပြချက်မရှိတော့ဘူးပေါ့..
နုတ်ဆက်ခဲ့ပါတယ် ခါးသက်..မင်းနောက်ထပ်.တစ်ခါ မင်းငါ့ကိုမတွေ့စေရတော့ပါဘူး..""

လွန်း..အေးစက်ပြတ်သားစွာဆိုလာသော စကားများကြောင့် ခါးသက်ရင်ထဲ လှုပ်ခတ်သွားလေသည်။
လွန်းဘာကိုဆိုလိုတာလဲဆိုတာကို..ခါးသက် ချက်ချင်း ဆိုသလို ရိပ်မိသွားတော့..ရင်ထဲ ထူပူသွားလေသည်။

""ကိုလွန်း...ကိုလွန်း..ဘာမဟုတ်တာတွေ လုပ်မလို့လဲ။ ကိုယ့်ကိုယ်ကို။နာကျင်အောင် ထပ်လုပ်မလို့လား..""

You've reached the end of published parts.

⏰ Last updated: Jun 25, 2021 ⏰

Add this story to your Library to get notified about new parts!

ဝိုးတဝါးအိမ်မက်Where stories live. Discover now