အပိိုင်း🌺၄၄🌺

Start from the beginning
                                    

      ဒါမှမဟုတ် လူသားနှစ်ဦးကြားမှာ ဖြစ်တည်လာတဲ့ အချစ်တစ်ခုများလား။ ခါးသက်ရဲ့ နွေးထွေး ကြင်နာလွန်းလှသည့် အနမ်းပွင့်တွေကြားထဲမှာ လွန်း ရင်ခုန်လှိုက်မောစွာ စီးမျောနေခဲ့သည်။

    နောက်တော့ ခါးသက်ရင်ခွင်ထဲမှာဘဲ လွန်း မိန်းမောစွာနဲ့ လှဲလှောင်း‌နေခဲ့လိုက်သည်။

အားကိုးအားထားစရာ..ခင်တွယ်စရာ..ဘာတစ်ခုမှမရှိတော့တဲ့ ငါအတွက် မင်းဟာ ကောက်ရိုးလေးတစ်မျှင်ဖြစ်နေခဲ့တယ် ခါးသက်။ နောက်ဆုံး ငါအသက်ရှင်ရပ်တည်ဖို့အတွက် အကြောင်းပြချက်က မင်းအတွက်ပါလို့ ခေါင်းစဉ်တပ်ပိုင်ခွင့် ငါဆီမှာ ရှိပါ့မလား။ တကယ်ဘဲ မင်းရဲ့အချစ်တွေကို ငါလက်ခံပိုင်ခွင့်ရှိရဲ့လား။ မင်းကရော..ငါ့ကိုမင်းတစ်ဘ၀လုံးနဲ့ရင်းပြီးတော့ ချစ်ရဲပါ့မလား။
  
ငါ့ဘက်ကတော့ သေချာနေပြီ ခါးသက်။ မင်းက ငါဘ၀ရဲ့နောက်ဆုံးအချစ်ဆိုတာ.။

""ခါးသက်...ငါရွေးချယ်မှုတစ်ခုလုပ်လိုက်ပြီ..အဲ့ဒါက..ငါ..
မင်းအတွက် အသက်ရှင်ဖို့အတွက် ရွေးချယ်လိုက်ပြီ..ဒါပေမယ့်..မင်း
ငါ့ကိုထားသွားမဲ့နေ့က ငါရဲ့သေနေ့ဘဲဆိုတာကိုတော့ ..မင်းမှတ်ထားပေးပါ..""

တီးတိုးစွာ ဆိုလာသည့် လွန်းစကားများကြောင့် ခါးသက် အတိုင်းထက်အလွန် ၀မ်းမြောက်လို့သွားရလေသည်။

""စိတ်ချပါ..ကိုလွန်းကို ကျွန်တော် ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး..ဘာဖြစ်လို့လဲဆိုတော့..ကိုလွန်းက ကျွန်တော်ရဲ့အသက်သွေးကြောဖြစ်နေလို့ဘဲ..ကိုလွန်းမရှိရင် ကျွန်တော်အသက်ရှင်သန်မှာမဟုတ်တော့ဘူး...ကျွန်တော်ရဲ့ရင်ခုန်သံတွေကို..ကိုလွန်းကပိုင်ဆိုင်သလို..ကိုလွန်းရဲ့ရင်ခုန်သံတွေကလဲ ကျွန်တော်အတွက်ဘဲ...""

ဟုခါးသက် ခိုင်မာစွာဆိုလိုက်ရင်း.လွန်းကိုယ်လေးကို တင်းကျပ်နေအောင် ဖက်ထားလိုက်သည်။

  ""အရမ်းချစ်တယ် ကိုလွန်းရယ်..""

✨✨✨
        ခါးသက်က လွန်းကို အင်မတန်မှ ဂရုစိုက်ခဲ့ရှာသည်။ အရိပ်တစ်ကြည့်ကြည့်နဲ့ လွန်းရဲ့မျက်နှာ တစ်ချက်လေးမှ အညိုးမခံ...။

ဝိုးတဝါးအိမ်မက်Where stories live. Discover now