အပိုင်း🌺၄၂🌺

Start from the beginning
                                    

""ဟုတ်.ဒေါ်လေးတာ..ကိုလွန်းရော..ဘယ်လိုနေသေးလဲ..""

""သခင်လေး သတိရလာပါပြီ..ဒေါ်တာ ဆန်ပြုတ်ရော ဆေးပါတိုက်ထားပြီးပါပြီ..""

""ဟုတ်..""
ခါးသက်..စိတ်ရှုပ်ထွေးခြင်းများစွာနဲ့ လွန်းရှိရာ အခန်းဆီကို လျှောက်လှမ်းလာခဲ့၏။

       အခုချိန်မှာ လွန်းအနေနဲ့ သူကိုမမြင်ချင်မှာ သေချာပေမယ့်.ခါးသက်ကတော့ စိုးရိမ်စိတ်နဲ့အတူ..လွန်းရဲ့ဘေးနားကနေ မခွာဘဲ ရှိနေရဦးမည် မဟုတ်ပါလား..။

      ""ဟုတ်..မမသရဖီ..လွန်း သက်သာနေပါပြီ..""

အခန်းထဲကနေ ထွက်ပေါ်လာသည့် အသံသဲ့သဲ့လေးကြောင့် ခါးသက်ခြေလှမ်းတွေ ရပ်တန့်သွားလေသည်။

""အစ်ကိုရော..သက်သာရဲ့လား ..
‌မနေ့ညက အရမ်းကို အဖျားတွေတက်နေခဲ့တာ..""

""အင်း..အခု သက်သာနေပါပြီ လွန်းရဲ့...သူ့နိုးလာရင် လွန်းမေးတဲ့အကြောင်းကို မမပြောပြလိုက်မယ်နော်..""

""မ.မပြောပါနဲ့..မမသရဖီ.ရပါတယ်...လွန်းအခုလို ဖုန်းဆက်လိုက်ရတာကလေ....မမသရဖီစိတ်ရှင်းသွားအောင်...လွန်းရှင်းပြချင်လို့ပါ..မနေ့ညက လွန်းနဲ့ အစ်ကိုနဲ့က..ဘာမှမဖြစ်ခဲ့ပါဘူး....ဒါကိုယုံပေးပါနော် မမသရဖီ.""

""ဪ..လွန်းလေးရယ်...ဘာများလဲလို့..မမက လွန်းလေးကိုယုံပြီးသားပါကွယ်....မနေ့ညက လွန်း bossကို ဂရုစိုက်ပေးတဲ့အကြောင်းကို..မမ..bossကိုတောင်မပြောပြရသေးဘူး..bossကိုကြည့်ရတာလဲ..မနေ့ညက လွန်းနဲ့အတူ ရှိခဲ့တာကို..မသိခဲ့တဲ့ပုံဘဲ..""

""ဟုတ်လား..မမသရဖီ..အဲ့ဒါဆိုရင်လဲ..မနေ့ညက ကိစ္စတွေကို.အစ်ကို..မမှတ်မိတော့ဘူးဆိုရင်လဲ..သူသိအောင်..မပြောပြပါနဲ့တော့နော်..ဒီအတိုင်းဘဲ ထားလိုက်ပါတော့..လွန်းကြောင့်..အစ်ကို စိတ်အနှောင့်ယှက်ဖြစ်နေလိမ့်မယ်..မမသရဖီ..နောက်ပြီး..လွန်းတို့ကလဲ..ဘာမှဖြစ်ခဲ့တာလဲ မဟုတ်ဘူးလေ..
‌ဟိုတည်ခန်းထဲမှာ တစ်ညတာ အတူတူရှိနေခဲ့တဲ့..ကိစ္စကြီးက..လူသိလို့လဲ မကောင်းပါဘူး..ဒီအတိုင်းဘဲ ထားလိုက်တာကောင်းမယ်ထင်တယ်..""

""ဒါပေမယ့်..လွန်းလေးရယ်..မင်းအပင်ပန်းခံပြီး..bossကိုပြုစုပေးခဲ့ရတာလေ..""

ဝိုးတဝါးအိမ်မက်Where stories live. Discover now