အပိုင်း🌺၄၁🌺

Start from the beginning
                                    

""ဘာ..မင်းပြောချင်တာက မနေ့က..ငါနဲ့ အစ်ကိုထစ်ချုန်းကို တစ်ခုခုဖြစ်ခဲ့တယ်လို့ ထင်နေတာလား..ငါခန္ဓာကိုယ်က မသန့်ရှင်းတော့ဘူးလို့ ထင်နေရင်လဲ..မင်းလာ မထိနဲ့လေ..ဖယ်ပါ ..""

လွန်း ခါးသက်ကို စူးရဲစွာစိုက်ကြည့်ရင်း ပြောလိုက်သည်။ ပျက်စီးသွားခဲ့တာ လွန်းရဲ့ အဖြူထည် ဘ၀လေးတင်မဟုတ်ဘဲ လွန်းရဲ့ သိက္ခာတွေပါ အဆစ်ပါနေလေတော့..လွန်းပိုပြီး ယူကြုံးမရဖြစ်မိတာအမှန်။

        နာကျင်မှုတွေနဲ့အတူ အောက်နုတ်ခမ်းလေးကို သွေးများစိမ့်ထွက်လာတဲ့အထိကို ဖိကိုက်လိုက်မိသည်။

""ကိုလွန်း ဘာဖြစ်လို့ ကိုယ့်အသားကို ကိုယ်နာအောင်လုပ်ရတာလဲ..တစ်ခုခု မကျေနပ်လို့ရှိရင် နုတ်ခမ်းကိုက်တတ်တဲ့အကျင့်ကို ပြင်ရမယ်..ဖြစ်နိုင်ရင် ကျွန်တော့်လက်ကိုဘဲ ကိုက်လိုက်ပါနော်..""

ခါးသက် က ဂရုဏာသက်ဆိုလိုက်တော့ လွန်း မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိသည်။ မိမိရဲ့ ဂုဏ်သိက္ခာကို ရစရာမရှိအောင် ချနင်းခဲ့ပြီးမှ ကြင်နာသည့်စကားများနဲ့ ဖာတေးနေ
တော့ရော..ဘာထူးဦးမှာမို့လို့လဲ..။
   
မိမိခန္ဓာကိုယ်ကို မသန့်ရှင်းတော့ဘူးလို့ အထင်ရောက်နေသည့် သူတစ်ဦးစီကနေ ယုယမှုတွေရနေတော့ရော ဘာထူးဦးမှာမို့လို့လဲ..။သူမျက်လုံးထဲမှာ ကိုယ်က..တခြားတစ်ယောက်နဲ့ ဖြစ်ချင်တိုင်း ဖြစ်လာတဲ့သူတစ်ဦးလို မြင်နေတာလေ.။

ယုတ်စွဆုံး ပြောရရင်..အကြွေပန်းတစ်ပွင့်လို သဘောထားပြီး သူစိတ်ကြိုက် နမ်းရှိုက်လိုက် နင်းခြေလိုက် လုပ်နေတဲ့အပေါ်မှာ လွန်း ကသာယာနေရမှာလား..။မင်းအရမ်းကို အတ္တကြီးလွန်းတယ် ခါးသက်..။
မင်းမျက်၀န်းထဲမှာ ငါက အဖိုးမတန်တော့တဲ့ အကြွေပန်းတစ်ပွင့်လိုမြင်နေတာမလား.။

      မွန်းကြပ်သည်။ ရင်ထဲမွန်းကြပ်ပြီး အသက်ကို ခက်ခက်ခဲခဲနဲ့ လွန်း..
ရှုနေရသည်။
တဆစ်ဆစ်နာကျင်ကြေကွဲနေရှာသည့်..နှလုံးငယ်လေးကို ဘယ်သူမြင်နိုင်ပါဦးမည်လော..။
     
""အဓိပ္ပာယ်မဲ့တဲ့ အပိုစကားတွေပြောနေတာကို ရပ်လိုက်တော့ ခါးသက်..ငါ့ကို ရေချိုးခန်း ခေါ်သွားပေးပါ..""

ဝိုးတဝါးအိမ်မက်Where stories live. Discover now