အပိုင်း🌺၄၁🌺

Start from the beginning
                                    

လွန်း အော်ဟစ် ငိုယိုရင်း ခါးသက် လက်ထဲကနေ အတင်းရုန်းကုန်‌နေတာကြောင့် ခါးသက် လဲ လွန်းကိုယ်လေးကို အိပ်ရာပေါ် ချပေးလိုက်၏။

""ငါမင်းကို အရမ်းမုန်းတယ်..ခါးသက်.မုန်းတယ်...""

ခါးသက်ကို စိုက်ကြည့်ပြီး ဒေါသတကြီးနဲ့အော်ပြောလိုက်သည့် လွန်းကို ခါးသက် အတင်းချုပ်ကာ ဖက်ပြီး နမ်းပစ်လိုက်သည်။

""အွင်း...အင့်....အင်း..."".

လွန်း ခါးသက်ကိုယ်ကို အတင်းတွန်းထုတ်‌ဖို့ ကြိုးစားပေမယ့်လဲ မရ.။

""မုန်းတယ်ဆိုတဲ့ စကားကို မပြောပါနဲ့..ကိုလွန်း .အခုချိန်ကစပြီး..ကိုလွန်း..ကျွန်တော့်ကိုမုန်းရမှာမဟုတ်ဘူးလေ..ချစ်ဖို့ကြိုးစားရတော့မှာဗျာ့..ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က.တကယ့်လင်....""

""ဖြန်း..""

ခါးသက်စကားမဆုံးသေးခင် ခါးသက်ပါးပြင်ကို ရိုက်ချလိုက်သည့် လွန်း..။

""ကိုလွန်း ပျော်မယ်ဆိုရင်..ကျွန်တော့်ကို ရိုက်ပါ..ကြိုက်သလောက်ရိုက်နိုင်ပါတယ်..ဒါပေမယ့်..ကိုလွန်း ကျွန်တော်ကို တစ်ချက်ရိုက်တိုင်း..
ကျွန်တော် ကိုလွန်းကို တစ်ခါပြန်နမ်းမှာနော်..""

ခါးသက် စကားကြောင့် လွန်း ခါးသက်ကို စူးရဲစွာစိုက်ကြည့်လိုက်မိ၏။ သို့ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပေ.။ပါးပြင်ပေါ်က မျက်ရည်စတွေကို လက်နဲ့ ခပ်ကြမ်းကြမ်းလေး သုတ်ပြီး လွန်း နောက်တစ်ခါ ထဖို့ ကြိုးစားလိုက်၏။

    အရမ်းကိုအားနည်းနေသည့် ခန္ဓာကိုယ်လေးက ယိုင်နဲ့နဲ့..။ ခြေတစ်လှမ်း မလှမ်းနိုင်ခင်မှာတင်..ကြမ်းပြင်ပေါ် ပုံကျသွားသည့် လွန်း..။

ဘာဖြစ်လို့ အရမ်းလို့ ပျော့ညံ့နေရတာလဲ လွန်းပုံရိပ်ရာ ဟု မချင့်မရဲလေး စိတ်ထဲကနေ ရေရွတ်ရင်း ပြန်ထဖို့ကြိုးစားလိုက်သည်။

     ခါးသက် လွန်းကို စိတ်မရှည်စွာ ငုံ့ကြည့်ပြီး တဖန် ပြန်လည်၍ ကောက်ချီလိုက်၏။

""ငါ့အသားကို မထိနဲ့လို့ ပြောထားတယ်လေ..""

""သနားလို့...သည်းခံပေး‌နေတာကို..
အကောင်းမမြင်ဘဲ..ရန်တွေ့ဖို့ချည်း ကြိုးစားမနေနဲ့..ခင်ဗျားကရော..ဘာတွေမှန်နေလို့လဲ .မနေ့ညက..တခြားယောက်ျားတစ်ဦးနဲ့ ဖြစ်ချင်တိုင်းဖြစ်လာခဲ့ပြီးတော့..ကိုယ့်ရဲ့တရား၀င် ယောက်ျားရဲ့အထိတွေ့ကိုကျ ရွံ့ရှာနေသလို လုပ်နေတာ မှန်ရဲ့လားဆိုတာ သေချာစဉ်းစားကြည့်လိုက်ပါဦး..""

ဝိုးတဝါးအိမ်မက်Where stories live. Discover now