Report ကို ဒီနေ့ အပြီးသတ်ပြီး စာနည်းနည်းပါးပါး လုပ်ဖို့ပါ တွေးလိုက်မိသေးသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Chanyeol မှာတော့ ဖုန်းကိုကြည့်နေပြီး ပါးစပ်အဟောင်းသား၊ မယုံနိုင်သလို အကြည့်နဲ့လည်း ကြည့်နေသေးသည်။
အခုက အိမ် pw မပြောပြလို့ ဖုန်းမကိုင်တဲ့အပြင် စက်ပါပိတ်လိုက်တာလား ။ နေပေါ့ ဆိုတဲ့အတိုင်း သူ့ကို တကယ် နေခိုင်းလိုက်တာလား။

ကိုယ်ဖြင့် တိုင်ပင်စရာရှိလို့ ဖုန်းဆက်တာကို ... !

ဆိုဟီးရဲ့အဖေက ဖုန်းဆက်တာကြောင့် ကိုင်လိုက်မိတော့ ဆိုဟီးဆေးရုံမှာမို့ ခဏ​လောက် လာတွေ့ပေးပါလို့ ဆိုလာ၏။ သွားသင့်လား မသွားသင့်လား သူ မစဥ်းစားတတ်တော့ပေ။ ဘေးက တစ်ယောက်ယောက်ကို မေးကြည့်ပြီး အကြံပေးတဲ့အတိုင်း လုပ်ဖို့ တွေးမိတော့ တစ်ယောက်ယောက်ဆိုတာကလည်း ထိုကောင်လေးအပြင်မရှိ။

သူ့အပေါင်းအသင်းတွေကိုလည်း ရှက်လွန်းလို့ အဆက်အသွယ်ဖြတ်လိုက်တာ....

ကောင်လေးလည်း ဖုန်းမကိုင်တာကြောင့် ဆေးရုံသွားဖို့သာ သူ ဆုံးဖြတ်လိုက်၏။ ဆိုဟီးကို မြင်ရင် တုန့်ပြန်လာမယ့် သူ့စိတ်ခံစားချက်ကိုလည်း သိချင်ပါသည်။
တကယ်တမ်း ရောက်သွားတော့ ဆိုဟီးအဖေက ဆေးရုံဝင်းထဲကနေ စောင့်နေ၏။ ရင်းနှီးနေပြီးသားမို့ မျက်နှာပူစွာပဲ နှုတ်ဆက်လိုက်ရသည်။

" စောင့်နေတာလား ဦးလေး  "

" အေး မင်း အခန်းရှာမတွေ့မှာစိုးလို့ကွ "

" သူ အခြေအနေဘာထူးသေးလဲ "

သူ့မေးခွန်းကိုကြားတော့ ဦးလေးက လေးပင်စွာ သက်ပြင်းချသည်။

" ခွဲခန်းထဲက ထွက်လာတဲ့အတိုင်းပါပဲကွာ.... နောက် တစ်ပတ်ထိ နေလို့မှ သတိရမလာရင် ကိုမာဝင်နိုင်ခြေရှိတယ်လို့ ပြောတယ် "

ရင်ထဲ ဒိန်းခနဲနေအောင် သွေးခုန်နှုန်းက ဆောင့်တက်သွား၏။ ဒီ​အခြေအနေထိ ဖြစ်သွားလိမ့်မယ်လို့ သူမထင်ခဲ့မိပါ။ အခန်းထဲ မဝင်ခင် ရဲ ၂ ယောက်နဲ့ပါ တွေ့တာမို့ သူတို့ ပြောတာ နားထောင်နေလိုက်၏။ သေကြောင်းကြံစည်ကြောင်း ထင်ရှားတယ်ဟု ပြောလာတဲ့အခါမှာေတာ့ Chanyeol အံသြရပြန်သည်။
သူမက Chanyeol သိသလောက်တော့ စိတ်ဓါတ်မာကြောတဲ့ မိန်းကလေးပဲ။

Healing LoveWhere stories live. Discover now