"မင်းဟာလေ နေကောင်းအောင်ကိုမနေဘူး...ကြည့်စမ်း မျက်နှာလေးချောင်ကျသွားတာ
ပိန်သွားလိုက်တာ မျက်နှာကလည်းသွေးမရှိတဲ့
ဖုတ်ကောင်ကြီးကျလို့..""အမေကလည်းဗျာ နှိုင်းစရာရှားလို့"
"Min Yoongi ဦးလေးနဲ့စကားအေးဆေးပြောရအောင်"
သားအမိနှစ်ယောက်စကားပြောနေရင်းမှ ကြားဖြတ်ဝင်ပြောလာသော ဦးလေးဖြစ်သူစကားသံကြောင့် အမေကစကားစဖြတ်ကာဦးလေးဖြစ်သူကိုမော့ကြည့်တော့ ဦးလေးကထွက်သွားရန် မျက်ရိပ်ပြလိုက်သည်မို့ အသာတကြည်ပင်ထွက်သွားသည်...
"Yoongi မင်းသုံးရက်လုံးသတိမေ့နေတာ"
"သုံးရက်..."
"ဗျာ!!သုံး..သုံးရက်တောင်"
သွားပြီ...Jeonတော့မျှော်နေတော့မှာပဲ ပြန်လာမယ်လို့ပြောခဲ့တာကို တစ်မျိုးတော့မထင်စေချင်ဘူးJeon...မင်းအထင်လွဲသွားရင်ဘယ်လိုလုပ်မလဲ...အရမ်းချစ်ရတဲ့Jeonရေ ငါမင်းကိုမထားခဲ့ပါဘူး ကျေးဇူးပြုပြီးအထင်မလွဲလိုက်ပါနဲ့...
"Yoongi..."
"ဗျာ"
"မင်းဦးခေါင်းမှာအကြိတ်ဖြစ်နေတာသိလား...ဘယ်လောက်ကြာပြီလဲ...ဒီထပ်နည်းနည်းလေးနောက်ကျရင် ကင်ဆာတောင်ဖြစ်သွားနိုင်တာ မင်းသိလား... ဟမ် Min Yoongi"
ကျွန်တော်ပြန်မပြောမိ...အမှန်ဆိုလျှင် ကျွန်တော်ကိုယ်တိုင်ကပင် ဆရာဝန်တစ်ယောက်ဖြစ်ပြီးမသိခဲ့ပေ။ ခေါင်းကိုက်တာခေါင်းမူးတာကို အိပ်ရေးပျက်၍ဟုထင်ခဲ့မိသည်။ နည်းနည်းလေးနောက်ကျရင် လူကိုပင်သေစေနိုင်သည့် ကင်ဆာရောဂါဆိုးကြီးဖြစ်ရဦးမည်။ မခွဲနိုင်ပါ...မခွဲချင်သေးဟုဆိုလျှင်ပိုမှန်ပေမည်။ ထိုလူသား သိပ်ချစ်ရသောလူသား Jeonဆိုသောလူသားကို မ ခွဲခွာချင်သေး...
"အဲ့ဒါဆို ဘယ်လိုလုပ်မှပျောက်္မလဲ ခွဲထုတ်ရင်ရောပျောက်သွားမလား"
"မင်းခွဲထုတ်လိုက်ရင်တောင် အခန့်မသင့်ရင်ကိုမာဝင်သွားနိုင်တယ်..."
"မခွဲရင်ရော"
"မခွဲရင်ကင်ဆာဖြစ်သွားလိမ့်မယ်
ခွဲထုတ်ပြီးရင်တော့ကောင်းသွားပြီ"
YOU ARE READING
B L I N D (Completed)
Fanfiction"မျက်္မမြင်တစ်ယောက်ရဲ့အနား ဘယ်သူကကြာကြာနေနိုင်မှာလဲ...ခင်ဗျားလားမရူးစမ်းပါနဲ့ဗျာ..." Yoonkook ficလေးတစ်ပုဒ် 💜
N For Need
Start from the beginning