ငွေကျည်ဆန်ဟူသော စကားလုံးကြားလိုက်သည်နှင့် တပြိုင်နက် မာန်ဖီနေသော သမန်းဝံပုလွေမှာ နောက်သို့လှည့်ပြေးလေသည်။
သူဟာ ထိုအရာကိုတော့ အလွန်ကြောက်သည့်ပုံ။
ငွေကျည်ဆန်ဟာ သမန်းဝံပုလွေများအား သတ်သည့် အရာ။

"ဒိုင်း~"

သေချာချိန်ရွယ်ပြီးပစ်လိုက်ပေမဲ့ ချက်ကောင်းကိုမထိ။ ဒီသမန်းဝံပုလွေက မုဆိုးတွေနဲ့ တွေ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ ကောင်းကောင်းသိသည့်ပုံ။

"အီး~အီ"

တအီအီအော်သံပြီးသည့်နောက် တဖြည်းဖြည်းသေးသွားကာ လူပုံစံအဖြစ်သို့။
လက်မောင်းကိုထိသွားတာကြောင့် သတိတော့ရှိသေးသည်။ အဝတ်အစားမဝတ်ထားတော့ မိုးရေတွေကြား တကိုယ်လုံးတုန်ယင်နေ၏။

"စိတ်မကောင်းပါဘူး။"

"ကယ်...ကယ်ပါ။"

သေနတ်ကိုသိမ်းပြီး လှည့်ထွက်လိုက်သော်ငြား ပြတ်သွားစွာ ပေါ်ထွက်လာသည့် အသံကြောင့် ခတ္တရပ်တန့်နေမိသည်။ သူဘယ်လိုပုံစံရှိလဲဆိုတာလဲ မကြည့်မိသေးချေ။ ဘာပဲဖြစ်ဖြစ် သူက တိရစ္ဆာန်တစ်ကောင်ထပ် မပိုနိုင်ပါဘူး။

"ငါ့အလုပ်က မင်းတို့လို တိရစ္ဆာန်တွေကို သတ်ရမှာ။
ကယ်လို့မရဘူး။"

"တောင်းပန်ပါတယ်။"

ဝမ်းနည်းသံရောယှက်လာသော ထိုစကား၌ နောက်သို့လှည့်ကြည့်မိသည်။
အညိုရောင်ဆံပင်ခပ်ရှည်ရှည်လေးတွေဟာ စိုရွဲလို့နေသည်။ မိုးရေနှင့် မျက်ရည်တွေဟာ မသဲကွဲ။ ဘေးတစောင်းလဲကျနေပုံကိုကြည့်ရတာ သနားစရာ။

"နာမည်ဘယ်လိုခေါ်လဲ။"

"Remus"

"ငါ့နာမည် Sirius"

Sirius မှာ သမန်းဝံပုလွေမုဆိုးအလုပ်ဖြင့် အသက်မွေးခဲ့သည်မှာ ဆယ်ကျော်သက်အရွယ်ကတည်းက။
ထို့ကြောင့် သာမန်ဝံပုလွေနှင့် သမန်းဝံပုလွေကို ကောင်းကောင်းကြီး ခွဲခြားနိုင်သည်။ တချို့သောလူများစုမှာ သာမန်ဝံပုလွေကို သမန်းဝံပုလွေဆိုပြီး ခဏ၊ခဏ မှားဖမ်းတက်ကြသည်။

"ရော့။
ဒါခဏပတ်ထား။"

အဝတ်အစားမပါသော ထိုကောင်လေးအား ဂျင်းကုတ်ကို ပတ်ပေးပြီး ကိုယ်ပစ်လိုက်တဲ့ ကျည်ဆန်ကိုဖယ်ကာ ပတ်တီးစည်းပေးနေသည်။ Remus ရဲ့ မျက်ဝန်းတွေဟာ Sirius လှုပ်ရှားသမျှကို ငေးမောနေရုံမှတပါး တခြားသို့မကြည့်။

Tears ( wolfstar)Where stories live. Discover now