' ဒီမှာ! မင်းကို ငါက လာနေလို့ရတယ်လို့ ပြောရသေးလို့လား မင်းဘယ်သူမှန်းလဲ မသိဖူး ငါ့အိမ်ကထွက်သွား '
' .... '
ကျွန်တော်သူ့ကိုအော်လိုက်တော့ ပြန်ကြည့်လာတဲ့မျက်ဝန်းတွေက အေးစက်စက် အကြည့်တွေကြောင့် လူက နည်းနည်းတောင်လန့်သွားရတယ်.. ဒါပေမယ့်လည်း..
' ဟေ့ ! ပြောနေတာမကြားဖူးလား မင်းမသွားဖူးဆိုရင် ငါ သက်ဆိုင်ရာကိုဖုန်းဆက်ပြီးတိုင်လိုက်.. '
' အန်တီက ရတယ်လို့ပြောလိုက်လို့ ကျွန်တော်လာနေတာပါ '
' .. ဘာ! ဘယ်က အန်တီလဲ '
' အကို့ အမေက ကျွန်တော့်ကို အကို့အိမ်မှာသွားနေဖို့ လွှတ်လိုက်တာပါ '
' အမေ ကလား ?? '' ဟုတ် ကျွန်တော် နေလို့ရတယ် မဟုတ်လား '
' မင်းပြောတိုင်း ငါက ယုံရမှာလား မယုံပါဖူး ငါ ဖုန်းဆက်ကြည့်ဦးမှာ! '
' အကို့ သဘောပါပဲ '
🍂🍂🍂🍂🍂ငါ သူ့အိမ်ကိုရောက်လာတာကို သိပ်သဘောမကျတဲ့ပုံစံနဲ့ ငါ့ကိုမျက်စောင်းတွေထိုးပြီး ကြည့်နေတာ... အဟက် ဘာရုပ်မှန်းကို မသိဖူး... သုအခုလိုတွေ မယုံကြည်မယ် မှန်းသိနေလို့ သူနေခဲ့တဲ့ မိဘမဲ့ကျောင်းကို ငါက သွားခဲ့ပြီးသား .. သူ့ အမေကိုလည်း ငါက အရမ်းကိုဒုက္ခရောက်နေလို့ Plan နဲ့ အတူတူနေပြီး အလုပ်လုပ်ဖို့ ခွင့်တောင်းခဲ့တာ... အစကတော့ မယုံပေမယ့် ငါရဲ့ ဟန်ဆောင်မှုတွေကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဖူး...😈
' hello အမေ လူတစ်ယောက်ကို သားအိမ်မှာနေဖို့ လွှတ်လိုက်တယ်ဆို အဲ့တာဟုတ်လို့လား ဟင် '
' ... '
' အော်.. အဲ့လိုလား.. ဟုတ်ကဲ့ပါ သား သူ့ကိုခေါ်ထားလိုက်ပါမယ် .. ဟုတ်.. ဟုတ်ကဲ့ '
ဖုန်းကို ဘေးနားက ဗီရိုလေးပေါ်မှာတင်ပြီး ငါ့ကိုပြန်ကြည့်လာတဲ့ မျက်လုံးလေးတွေက အားနာနေတဲ့ပုံစံ .. အခုနက ပုံစံနဲ့ တခြားစီ..
' အကို ဖုန်းဆက်မေးပြီးပြီဆိုတော့ ကျွန်တော့်ကို ယုံကြည်လို့ရပြီလား ခင်ဗျ '
YOU ARE READING
🔥P.S.Y.C.H.O🔥