5

611 57 4
                                    

ကျောင်းတက်နေရပေမယ့်လည်း တစ်နေ့တစ်နေ့ အတန်းထဲအချိန်ကုန်လိုက် Jong in နဲ့အတူအပြင်သွားလိုက် သူ့ကိုစိတ်ကောက်လိုက်လုပ်နေတာကြာတော့ ပျင်းလာသည်။

အခုတလော ရာသီဥတုကလည်း ပူလာတာမို့ ဘယ်မှလည်းသိပ်မသွားချင်။Jong in ဝယ်ကျွေးသမျှ တစ်ခုမှမငြင်းဘဲစားနေတာမို့ လူက ဝ ချင်လာသည်။ကိုယ်ကသတိမထားမိပေမယ့် Bella က

" Sehun ကလည်း ဝိတ်လေးဘာလေးလျော့ တော်ကြာ Jong in က တစ်ခြားလူတွေလက်ထဲပါသွားရင် ဘယ်လိုလုပ်မလဲ ? "

" မဖြစ်နိုင်ပါဘူး Jong in က ငါ့တစ်ယောက်တည်းကိုဘဲချစ်တာ "

" တသတ်မတ်တည်းတော့ မတွက်ထားနဲ့လေ နည်းနည်းတော့ ပြင်ဆင်နေ OK "

အဲ့ဟာမလေးကအဲ့လိုပြောလာတော့ အရင်တစ်ပတ်က ဝိတ်ချကြည့်ပေမယ့်မရ။မုန့်မြင်တာနဲ့ကိုစားချင်နေတာ SNS မှာတွေ့သမျှ Jong in ကိုတောင်းတော့ သကောင်သားလေးက ဝယ်ကျွေးတာကို။ဝယ်လာမှတော့ စားတာပေါ့။

မစားဘဲနေရင်းလည်းနှမြောစရာကြီးကို ။ငါ့ ဝ လာတာသူ့ကြောင့် ဟွနှ်ု ဘေးမှာ ကင်မရာတစ်လုံးကို ထိုင်သနေတဲ့ Jong in ကိုမျက်စောင်းတစ်ချက်ကျွေးလိုက်သည်။

ဘေးက Jong in ကလည်း

" ဟာ ကိုယ့် သဲတုံးလေးက ဘာလို့ ကိုယ့်ကိုမျက်စောင်းထိုးရပြန်တာလဲ "

" Jong in ငါ ဝလာ လား ? "

လူကိုစေ့စေ့စပ်စပ်ကြည့်ကာပါးကိုကိုင်လိုက်။လာဖက်လိုက်။
ဆံပင်ကိုကိုင်လိုက်နဲ့ မေးတာမဖြေဘဲ ဘာတွေလုပ်နေမှန်းမသိ

" ပြွတ်စ် …… "

" ဟာ့ … ဘာလို့ ပါးကို လာနမ်းနေတာလဲ မေးတာဖြေပါဆို "

"'မဝလာ ပါဘူးကွာ ဒီပါးလေးဘဲ ဖောင်းလာတာ "

" အဲ့တာ ဝလာတာပေါ့လို့ ငါ ဝိတ်လျော့လိုက်ရမလား '"

" အာ ~~ မလျော့ပါနဲ့ကွာ သဲတုံးကလျော့စရာမလိုဘူး "

Jong in ကSehun ကို ဝိတ်မလျော့ဖို့ပြောနေသလို။ဘေးက Yifan တို့အတွဲမှာလည်း Taoက Yifan ပြောသမျှ ရွှေတွေအကြောင်းကို နားထောင်နေလေသည်။Baekhyun လေးကတော့ သူ့ချစ်ချစ်ကနောက်ကျနေတာမို့ တစ်ယောက်တည်းအူကြောင်ကြောင်လေးနှင်ပင်။

♡ Mʏ Bᴏʏ ♡ ( Z & U ) Shot Story [Completed ]Unde poveștirile trăiesc. Descoperă acum