Kook-သိပါတယ် ကိုကိုရဲ့ မောင်လုပ်နေကျ အလုပ်ပဲလေ

Koo လွန်ခဲ့တဲ့ သုံးလကတည်းက အဲ့အလုပ်စလုပ်တာ ကိုကိုသိတာပေါ့

Seokjin-ဒါဆို ဒါပဲနော် ချစ်တယ် Koo

Kook-ဒါပဲလေ ဖုန်းချလိုက်တော့မယ်

Koo ရယ် ချစ်တယ်လို့တောင် ပြန်မပြောနိုင်တော့ဘူးလား ဘာလဲ...အရင်တုန်းက တစ်နေကုန် ပြောခဲ့ရတော့ မောသွားလို့ မပြောချင်တော့တာလား ဒါမှမဟုတ် ကိုကို့ကို ပြောတာရိုးသွားလို့ အသစ်အဆန်းလေးဖြစ်အောင် မင်းကောင်မလေးကိုပဲ ပြောနေတာလား....

အစက ဘာရယ်မဟုတ် လွမ်းလို့ဖုန်းဆက်လိုက်ပေမဲ့ အခုတော့ မဆက်မိရင်တောင် ကောင်းသား.... ညနေစာတောင် စားချင်စိတ်မရှိတော့....အိပ်လိုက်ရင် စိတ်သက်သာသွားမလားဆိုပီး အပေါ်ထပ်သို့တက်သွားပီး ခြောက်ကပ်နေသောအိပ်ခန်းလေးဆီသို့....ခုနကပဲ နိုးလာတယ် အခုပဲ ပြန်အိပ်ပျော်ရအောင် ကျွန်တော်က ကာလနဂါးမှ မဟုတ်တာ.... သို့သော် မျက်ရည်လေးတွေက လာရောက်ချော့သိပ်နေတော့ ကျွန်တော့်မျက်လုံးတွေ မခံနိုင်တော့ဘဲ အိပ်စက်ခြင်းဆီသို့.....

------------------
မနက် ၇နာရီ.....

မနေ့ညနေကတည်းက အိပ်လိုက်တာ မနက်မှနိုးတယ်တဲ့လား အအိပ်မမက်တဲ့ကျွန်တော်တောင် အဲ့လောက်ထိအိပ်နိုင်အောင် မျက်ရည်တွေက စွမ်း​ဆောင်နိုင်သည် ဘယ်လိုဖြစ်ဖြစ် မျက်ရည်လေးတွေကို ကျေးဇူးတင်မိသည် အိပ်နေတဲ့အချိန်လေးတော့ ကျွန်တော်ဟာ ဘာမှမသိ ဘာမှမချစ်တတ်တဲ့ ခလေးလေးသဖွယ် ဖြစ်နေတော့ အဲ့အချိန်ခဏလေးတော့ စိတ်ချမ်းသာမိသည်....

အိပ်ယာမှထ၍ ရေမိုးချိုး ပြင်ဆင်ပီး အိမ်အောက်ထပ်သို့ ဆင်းလာ၍ မီးဖိုချောင်ထဲဝင်လိုက်သည် Breakfast အဖြစ် သောက်နေကျ ကော်ဖီခါးခါးဖျော်ရန် ကော်ဖီခွက်ယူလိုက်စဉ် ခေါင်းထဲ စကားသံလေးတချို့ ပဲ့တင်ထပ်စွာ ကြားနေရသည်

"​မောင်က ကိုကို ကော်ဖီအခါးသောက်​နေတယ်ထင်လို့ စိတ်ပူသွားတာ ဘယ်တော့မှမသောက်နဲ့နော် နှလုံးအတွက် မကောင်းဘူး ကိုကိုရဲ့"

ကျွန်တော်ပြုံးနေမိသည် Koo ရဲ့စကားသံလေးက ပျားသကာလို ချိုမြိန်လွန်းသည် တစ်ယောက်ယောက်သာ ကျွန်တော်ကိုမြင်ရင် ဆေး​တောင်မမှီ​တော့တဲ့အရူးလို့ ပြောကြလိမ့်မယ်ဆိုတာ မလွဲဧကန်ပါပဲ

True love {Completed}Hikayelerin yaşadığı yer. Şimdi keşfedin