" အမလေး... လာပါဦး , မင်းသားလေးက မင်းသမီးလေးကို လွမ်းနေတာ "

အစ်မကို သည်းမိတော့ မောင်ဖြစ်သူက နှုတ်ခမ်းဆူပြီး မျက်မှောင်ကြုတ်နေ၏။ အိမ်ရှေ့ခန်းမှာလည်း သူတို့မောင်နှမ၂ယောက်အပြင် မရှိ။

" Seo Yul ya .... ဘွားဘွားတို့ မေမေတို့ရော "
(ဆောယူးလ်)

" ဘွားဘွားက ဦးငယ်အတွက် ဟင်းချက်နေပြီး ဖေနဲ့မေက အပြင်သွားတယ် "

သွက်သွက်လက်လက်လေး ပြန်ဖြေတဲ့ seo yul လေးက အတတ်ကလေး။ ဘေးက အကိုကြီးကတော့ TV သာ  ကြည့်နေပြီး ကျွန်တော်ကို အရေးမလုပ်ပါ။

" အဟမ်း ! ဝယ်လာတဲ့မုန့်တွေ ဘယ်သူစားမှာလဲ "

" မီးမီးစားမှာ seo yul လေးစားမှာ "

သူ့အစ်မအသံကြားမှ လူကို လှည့်ကြည့်ပြီး မျက်လုံးတွေမှိတ်တဲ့အထိ ရယ်ပြလာတဲ့ သေးသေးလေး။

" Si Woo ရော... Si Woo ရောနော် "

" ဟားဟား  ... စားရမှာပါကွာ , လက်အရင် သွားဆေးကြမယ် ထ ! "

ခေါ်လိုက်တော့ ၂ ယောက်လုံး အင်း အဲနဲ့ ထလာကြ၏။ မီးဖိုချောင်ထဲ ဝင်လိုက်တော့ ဟင်းချက်နေပုံရတဲ့ မေမေက ...

" ငယ်ငယ် ရေသောက်ဦးနော် "

" ဟုတ် မေမေ... သောက်မှာ "

မေမေလည်း ဟင်းချက်လို့အပြီး ကိုကိုတို့လည်း ပြန်လာချိန်နဲ့ကိုက်အောင် ကလေးတွေနဲ့ ဆော့ပေးနေလိုက်၏။ ဖုန်းမကိုင်တဲ့ လူကြီးကို တမင် မေ့ထားလိုက်သည်။ ကိုယ့်မှာ စိတ်ဆိုးပိုင်ခွင့်ရယ်လို့လည်း ရှိမှမရှိဘဲ။

မိသားစုလေးဟာ အမြဲတမ်း နွေးထွေးမှုတွေနဲ့ ပြည့်နေတတ်သည်။ ကိုယ့်မိသားစုမို့လို့ ပြောတာမဟုတ်ပေမယ့် ဘယ်သူမှ အတ္တတွေ လောဘတွေ မထားကြ။ မိသားစုအချင်းချင်းလည်း မေတ္တာတွေပေးသလို ပတ်ဝန်းကျင်က လူတွေကိုလည်း မေတ္တာနဲ့သာ ဆက်ဆံသည်။

" ငယ်ငယ် သူငယ်ချင်းတွေနဲ့ တွေ့သွားဦးလေ , YuSung နဲ့တောင် ကိုကို မနေ့က တွေ့လိုက်သေးတယ် "

" ဟုတ် အပြန်ဝင်တွေ့မလို့ ကိုကို "

" မေ့သားငယ်လေး ကျောင်းမှာရော အဆင်ပြေရဲ့လား , အလုပ်ရော "

Healing LoveWhere stories live. Discover now