တက္ကသိုလ်ရွေးရမယ့်အချိန်ရောက်တော့ စီးပွားရေးပညာရှင်ပီပီ အဖေက စီးပွားရေးတက်စေချင်ခဲ့သည်။ ဒါပေမယ့် သူက အဖေ့ညီ သူ့ဦးေလး ဖြစ်သူ တရားသူကြီးသွေးနဲ့ နီးသလား မပြောတတ်။ ငယ်စဥ်ကတည်းက တရားသူကြီး ဖြစ်ချင်ခဲ့၏။ ကိုရီးယားနိုင်ငံမှာ ေဆးမှတ်နီးနီး ကြိုးစားရတဲ့ ဥပဒေမေဂျာကို လိုချင်လွန်းလို့ ရေကုန်ရေခမ်း ကြိုးစားလာခဲ့ရသူ။

နောက်ဆုံးတော့ လိုချင်တဲ့ မေဂျာ ဝင်နိုင်ခဲ့သည်။ So hee (ဆိုဟီး) နဲ့လည်း တက္ကသိုလ်မှာပဲ ဆုံခဲ့ပြီး အတူတူဘွဲ့ရခဲ့၏။ အစိုးရစာမေးပွဲ ဝင်မဖြေတဲ့ So hee က (အရပ်ခေါ် )  အပြင်အမှုေဆာင်ရှေ့နေ လိုင်စင်ရခဲ့ပြီး အစိုးရစာမေးပွဲ ဝင်ဖြေခဲ့တဲ့ Chanyeol ကတော့ ဥပဒေအရာရှိ ( တရားရုံးရှေ့နေ ) ဖြစ်လာခဲ့သည်။ ထိုမျှလောက်နဲ့ မရပ်တန့်ချင်တာကြောင့် တစ်နှစ်မှာ တစ်ခါသာခေါ်တဲ့ တရားသူကြီးအဆင့် စာမေးပွဲကို ဝင်ဖြေဖို့ ကြိုးစားခဲ့ပြန်သည်။

မအောင်မြင်ခဲ့သလို ဆုံးရှုံးမှုလည်း များခဲ့သည်လေ..

အဲ့ဒီကာလတွေကို ပြန်စဥ်းစားတိုင်း အတိတ်တွေထဲက မရုန်းထွက်ခဲ့ချိန်တိုင်း Chanyeol အတွက် အရက်ကသာ ဖြေဆေး , ဆေးလိပ်ကသာ စိတ်ဖြေရာ ဖြစ်နေပြန်သည်။ အခုလည်း ဆေးလိပ်ဖွာနေမိတာ ဘယ်နှလိပ်မှန်းမသိတော့။ အသစ်ထပ်ဝယ်လာပြီး အပေါ်မတက်ခင်လေး တိုက်အောက်မှာ သောက်နေမိတာ ....

အာသာမပြေချင်သေးတာကြောင့် နောက်တစ်လိပ် သောက်ဖို့ ထုတ်လိုက်ပေမယ့်  မီးခြစ်က အသစ်မဝယ်ခဲ့မိ။ အားစိုက်ပြီး ခြစ်နေလည်း မီးတောက်ပေါ်မလာတော့ပေ။ သွားပြန်ဝယ်ရဦးမှာမို့ ကျစ် သပ်လိုက်မိတယ်။ ထိုအချိန် နှုတ်ခမ်းမှာ တေ့ထားတဲ့ ဆေးလိပ်အရှေ့ ပေါ်လာတဲ့ မီးတောက်လေးကြောင့် အရှေ့ကို မကြည့်မိခင် မီးလှမ်းတို့လိုက်သည်။

တစ်ချက် ရှိုက်လိုက်ပြီးမှ အရှေ့သေချာကြည့်မိတော့.....

" တတိယအကြိမ် တွေ့ခြင်းပါခင်ဗျ "

မနေ့က ဝင်တိုက်မိတဲ့ ကောင်လေးမှန်း မှတ်မိလိုက်သည်။ မနက်က ငွေသားလှမ်းတောင်းတာလည်း ခေါင်းထဲပြန်ပေါ်လာ၏။

Healing LoveWhere stories live. Discover now