အခန်း (၁၆ ) / ခ

Start from the beginning
                                    

သူမက တတိယအဒေါ်၏ အသားအရည်လှပမှုကို ထောပနာပြုရင်း ထက်မြက်သော သားသမီးများကို ပျိုးထောင်နိုင်သည့်အတွက်လည်း ချီးမွမ်းရသည်။ ထို့နောက် ဒုတိယအဒေါ်ကို မြှောက်ရန် စကားရှာဖို့အချိန်အနည်းငယ်ယူလိုက်ရသေးသည်။
"ကျွန်မကြားတာတော့ ဒုတိယဒေါ်လေးက ရန်အိမ်တော်တစ်ခုကပဲလို့ကြားတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာလောက်ကဆိုရင်တော့ ကျွန်မတို့ မျိုးရိုးတူတွေဖြစ်နေမှာနော်။

ဧည့်သည်များအကြား၀င်ဆံ့အောင်ကြိုးစားရင်း ရန်ရှီးနဥ္တစ်ယောက် အနီးရှိ ပိတ်ထားသော အခန်းကို လှမ်းလှမ်းကြည့်နေမိသည်။

ထိုအခန်းထဲတွင်ဖေ့ကျင်းထိုင်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီ။ အမွှေးတိုင်များကသာ အခန်းထဲတိတ်တဆိတ်လောင်ကျွမ်းနေကြ၏။ သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဟွေ့ကွမ်းကမူ ပဟေဠိဆန်စွာ သူ့ကိုကြည့်နေသည်။သူခေါင်းကိုငုံ့ရင်း လက်ဖက်ရည်ခွက်ကို မှုတ်လိုက်သည်။ သောက်တော့မသောက်။ သူတို့ထဲက ဘယ်သူမှ စကားတစ်ခွန်းမဟကြပေ။

ဖေ့ကျင်းစိတ်မရှည်တော့။ သူ၏ ချစ်လှစွာသော ခြင်္သေ့လေးက မိန်းမအုပ်စုကြားတွင် ထိုင်နေရသည်။ တစ်အောင့်လောက်ကြာတော့ ဟွေ့ကွမ်းဆီမှ အသံထွက်လာ၏။

"မင်းရဲ့ ရာထူးကိုမပြောင်းချင်ဘူးလား"
ဟွေ့ကွမ်းကမေးလိုက်သည်။

ဖေ့ကျင်းက ပြုံးကာ သူထိုင်နေသည့် သစ်သားထိုင်ခုံကို ခေါက်လိုက်၏။
"ဒီရာထူးက ကောင်းပါတယ်"

"မင်း စုယွဲ့ကိုအရင်က တော်ကောက်ချင်ခဲ့တာမလား?"
ဟွေ့ကွမ်းကထပ်မေးပြန်သည်။

"စုယွဲ့က ဦးလေးဖန်းရဲ့ တူမပဲ"
ဖေ့ကျင်းက ပြော၏။
"ဦးလေးဖန်းက ကျွန်တော့်အပေါ်ကောင်းတယ်။အနာဂတ်မှာ သူမကို ကျွန်တော့်ရဲ့ဒုတိယဇနီးအဖြစ်ထားမယ်လို့ရည်ရွယ်ခဲ့တာ။ ဒါပေမယ့် သူက...."
ဖေ့ကျင်းက ရှက်ရွံ့ဒေါသထွက်ဟန်ဆောင်လိုက်သည်။
"ဒါပေမယ့်လည်းသူက ဦးလေးဖန်းရဲ့တူမဖြစ်နေတုန်းပဲလေ။ အတိတ်မှာ ဦးလေးဖန်းက ကျွန်တော့်ကိုတစ်ခါကယ်ခဲ့တယ်။ ပြီးတော့ ဘာမှလည်းမဖြစ်ဘူးဆိုတော့ သူ့ရဲ့ရိုင်းပျမှုကို ကျွန်တော်ခွင့်လွှတ်လိုက်ပါတယ်။"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now