အပိုင်း(၁၂)

Start from the beginning
                                    

"အင်း"

Kun Erသည် အခုလက်ရှိတွင် အရင်းနီးဆုံးနှင့် အယုံကြည်ရဆုံးသူကိုပြပါဆိုလျှင် Wang Huo Linကိုသာ လက်ညှိုးထိုးမိမည်ဖြစ်သည်။

"ကိုယ် ဒီကိစ္စကို အမြန်ဖြတ်ပေးမယ်၊ ဒါပေမဲ့ ကိုယ်တစ်ခုခုအမှားလုပ်ခဲ့တဲ့အခါ Kun Erက ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား"

မိမိလုပ်မည်ဆိုသည့် အမှားသည် မိမိကိုယ်တိုင် လက်ပစ်ကူးပစ်ချင်နေသည့် ကိစ္စရပ်ပေမို့ ရိုးသားသည့် ကောင်လေးကို မုသားသုံးမိသွားလေသည်။

"ဘယ်လိုအမှားလဲ"

Wang Huo Linလိုလူမျိုးကိုယ်တိုင်က အမှားလို့ပြောလာတော့ Kun Erအနည်းနဲ့အများတော့ စိတ်ဝင်စားမိသွားသည်။

"အခြေအနေအရ လုပ်လိုက်ရတဲ့ကိစ္စမျိုးပေါ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်သွားတာမျိုး မရှိစေရပါဘူး၊ ကိုယ်ကတိပေးပါတယ်"

Huo Linအသေအချာကြီးကို ကတိခံနေလိုက်သည်။

"ကျွန်တော်က ရပါတယ်၊ Lin Geသာ ဥပဒေနဲ့မလွတ်ကင်းတာမျိုး မလုပ်ခဲ့ဘူးဆိုရင် ကျွန်တော်အားလုံး ခွင့်လွှတ်တယ်"

Lin Geကိုယုံတယ်။ သူကဘယ်တော့မှ ဥပဒေမဲ့ကိစ္စလုပ်မှာ မဟုတ်ဘူး။ ဒီကိစ္စလေးကလည်း အနုပညာလောကမှာ လူတိုင်းဖြစ်နေကျ ကိစ္စတစ်ခုပဲ မဟုတ်လား။ တခြားသူနဲ့ မတူတာက Lin Geက နာမည်ကြီးလွန်းသည့် မင်းသားတစ်လတ်ဖြစ်နေသည် မဟုတ်ပါလား။

"ကိုယ့်ကောင်လေးက လိမ္မာလိုက်တာ"

ရိုးသားသည့်ကောင်လေးက တကယ်ကိုပါပဲ။ လိမ်ရလွယ်လိုက်တာ။

လက်မဖြင့် ညာဘက်မျက်နှာအခြမ်းဘက်ကို ဖွဖွလေး ပွတ်လိုက်တော့ ညာဘက်မျက်လုံးလေးက မှေးမှိတ်သွားသည်။

လှသည်။ ဒီကောင်လေးကို လက်မလွှတ်နိုင်တော့ဘူးဆိုတာ တဖြည်းဖြည်း သိလာရသည်မို့ Wang Huo Linတစ်ယောက် ဆုံးဖြတ်ချက်တို့ကလည်း ခိုင်မာပြီးရင်း ခိုင်မာလာခဲ့တော့တယ်။

" ထ အခန်းထဲ သွားနားတော့၊ ထမင်းစားမှ ကိုယ်လာခေါ်ခိုင်းလိုက်မယ်"

Huo Lin ဒူးထောက်ထိုင်နေရာမှ ထလိုက်ရင်း Kun Er၏ လက်မောင်းတစ်ဖက်ကို ဆွဲကိုင်ကာ ထူလိုက်သည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Where stories live. Discover now