Unicode
အခန်း(၅)
P ကန်သာယာရောက်တော့ Billkin ရောက်မလာသေးပါ။ အရိပ်ရသောခုံတန်းလေးမှာ ဝင်ထိုင်ရင်း စာအုပ်ဖတ်နေလိုက်သည်။ ထိုစဉ်မှာ Pကိုနောက်ကနေ မျက်လုံးကိုအုပ်လိုက်သည်။
“ဘယ်သူလဲ ပြောပါ”
ကလေးတွေလိုလာဆော့နေသော Billkinအသံကြားတော့ Pရယ်လိုက်ရင်း
“ဟုတ်တယ် Pက မသိဘူးဆိုတော့၊ ဒီမှာ Pရှိမှန်း မင်းပဲသိတာလေ”
“ဟုတ်သားပဲနော်”
Billkinကရယ်လိုက်ရင်း Pဘေးနားမှာဝင်ထိုင်လိုက်သည်။
“ ရောက်နေတာကြာပြီလား PP ငါ့အစ်ကိုက အလုပ်တစ်ခုခိုင်းနေလို့ကြာသွားတာ”
“ရပါတယ် ဆယ့်ငါးမိနစ်လောက်ပဲရှိပါသေးတယ် စာသင်ကြမယ်လေ မင်းကဘယ်အပိုင်းမပြောတတ်တာလဲ”
“Apologyပိုင်းလေ ငါသိပ်မပြောတတ်ဘူး”
“မင်းနဲ့ငါ အပြန်အလှန်ပြောကြည့်ကြမယ်”
“အေး ငါအရင်ပြောကြည့်မယ် မင်း ငါ့အသံထွက်မှန်မမှန် သေချာနားထောင်ပေးနော်”
“အင်း ပြော”
“ဂျာ မု ထဲ့ ဆော ယို၊ မီ အား နဲ ယို”( ငါအမှားတစ်ခုလုပ်မိတာ တောင်းပန်ပါတယ်)
“ချောမန်းနယ်ယို”(ရပါတယ်)
“ဟွာ နယ် ဂျီ မာ ဆယ် ယို”(စိတ်မဆိုးပါနဲ့နော်)
“အာနီး ဂရော့ဂျီ အာနာ့”(မဆိုးပါဘူး)
“ဘယ်လိုလဲ ငါ့အသံထွက်”
မျက်ခုံးပင့်ကာမေးလာသော Billkinကို P မျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်း
“မင်း ရနေသားပဲ Billkin ဘာလို့ Pကို သင်ခိုင်းနေတာလဲ”
Pစကားကြောင့် Billkinက ချစ်စရာကောင်းသော ပါးချိုင့်လေးများပေါ်အောင်ပြုံးလိုက်ရင်း
“ PP ငါ့ကိုမုန်းနေလား”
Billkinအပြုံးကိုကြည့်ရင်း ရင်တွေတလှပ်လှပ်ခုန်လာမိသော Pတစ်ယောက် Billkinမေးခွန်းကြောင့် ကြောင်သွားသည်။
YOU ARE READING
အချစ်ဝင်္ကဘာလမ်းဆုံ
FanfictionPPနှင့်Monတို့နှစ်ယောက်ဟာ အလယ်တန်းနှစ်ကစပြီး အချစ်ဆုံးသူငယ်ချင်းများဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်ကို သူငယ်ချင်းများက အတွဲတွေအဖြစ်စနောက်ကြသော်လည်း သူတို့ရဲ့အဖြေကတော့ "အတွဲတွေထက်ပိုချစ်တဲ့ချစ်သူတွေပါ"တဲ့။ တစ်နေ့မှာ မထင်မှတ်တဲ့အဖြစ်အပျက်လေးတစ်ခုကနေ Bil...