Zawgi
အချစ်ဝင်္ကဘာလမ်းဆုံ(Ep-1)
အခန်း(၁)
“ P… Monဒီနေ့ ကျောင်းကသင်လိုက်တဲ့ သင်္ချာတွေနားမလည်ဘူး၊ Monကိုရှင်းပြပါဦးနော်”
တစ်ဦးတည်းသောသူငယ်ချင်းမလေး Monရဲ့ ခပ်ချွဲချွဲအပြောလေးကြောင့် P ပြုံးလိုက်ရင်း
“ အေးပါ Pနားလည်သလောက်ရှင်းပြပေးပါ့မယ်၊ ညဘက် P… Monအိမ်လာခဲ့မယ်လေ”
“ အိုကေ Mon… Pကြိုက်တဲ့ လက်ဖက်သုပ်စပ်စပ်လေးသုပ်ထားပေးမယ် လာခဲ့နော်”
“ ကြိုက်ပြီ လာခဲ့မယ်နော် Mon”
Pနှင့်Monတို့နှစ်ယောက်က အလယ်တန်းကတည်းကစပြီး အခု အထက်တန်းရောက်သည့်တိုင် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သည်။ မိဘချင်းကလည်း ရင်းနှီး၊ အိမ်ချင်းကလည်းကပ်လျက်မို့ နှစ်အိမ့်တစ်အိမ်နေကြသူများဖြစ်သည်။ Pက ယောက်ျားလေးမို့ ကျောင်းမှာ ယောက်ျားလေးသူငယ်ချင်း အများအပြားရှိသော်လည်း တပူးတွဲတွဲသိပ်မနေတတ်ပါ။ Monနှင့်သာ တတွဲတွဲနေဖြစ်တာမို့ သူတို့နှစ်ယောက်ကို အတွဲတွေဟု စနောက်ခြင်းခံရသည်။ Monကလည်း မိန်းကလေးသူငယ်ချင်းအများအပြားရှိပေမယ့် Pနဲ့ပဲ တတွဲတွဲနေဖြစ်တာမို့ သူတို့နှစ်ယောက် စနောက်ခံရတာလည်း ဖြစ်သင့်ပါသည်။ အားလုံးက သူတို့ကို အတွဲတွေလားဟု မေးလာလျှင် သူတို့နှစ်ယောက်အဖြေက တစ်ခုတည်းပင်_
“ အတွဲတွေထက်ပိုချစ်တဲ့ သူငယ်ချင်းပါ” တဲ့။ သူတို့ရဲ့ သူငယ်ချင်းများက တစ်နေ့မှာ သူတို့နှစ်ယောက် သမီးရည်းစားစုံတွဲဖြစ်လာမည်ဟု ယုံကြည်ကြသည်။ သိုပေမယ့် အလယ်တန်းနှစ်ကစပြီး ယခု အထက်တန်းနောက်ဆုံးနှစ်တိုင်အောင် အချစ်ဆုံးသူငယ်ချင်းသာ ဖြစ်နေကြသော သူတို့နှစ်ယောက်အကြောင်းကို သူတို့ရဲ့ သူငယ်ချင်းများကလည်း မတွေးတတ်ကြတော့ပါ။
------------------------------------------------------------
အခန်း(၂)
“P…Mon Shoppingသွားချင်တယ် လိုက်ခဲ့ဦးနော်”
အထက်တန်းနောက်ဆုံးနှစ်ဖြေအပြီး စာမေးပွဲအားလုံးဖြေဆိုပြီးတဲ့နေ့မို့ အိမ်မှာအနားယူဖို့စိတ်ကူးနေသော Pကို Monဖုန်းဆက်လာခြင်းဖြစ်သည်။ Monစကားဆို ဘယ်တော့မှ မငြင်းတတ်သူမို့ Pလည်း အပျင်းမထူရတော့ဘဲ ရေချိုး အဝတ်အစားလဲကာ Monအိမ်သို့ထွက်လာခဲ့သည်။ Monအိမ်ရောက်တော့ Monက Readyဖြစ်နေပြီလေ။ အဖြူရောင်ဂါဝန်လေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ Monကိုကြည့်ရင်း Pတစ်ချက်ပြုံးကာ
YOU ARE READING
အချစ်ဝင်္ကဘာလမ်းဆုံ
FanfictionPPနှင့်Monတို့နှစ်ယောက်ဟာ အလယ်တန်းနှစ်ကစပြီး အချစ်ဆုံးသူငယ်ချင်းများဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်ကို သူငယ်ချင်းများက အတွဲတွေအဖြစ်စနောက်ကြသော်လည်း သူတို့ရဲ့အဖြေကတော့ "အတွဲတွေထက်ပိုချစ်တဲ့ချစ်သူတွေပါ"တဲ့။ တစ်နေ့မှာ မထင်မှတ်တဲ့အဖြစ်အပျက်လေးတစ်ခုကနေ Bil...