ငယ်ရွယ်လှပတဲ့ ကောင်လေးတစ်ယောက်ကို အခန်းထဲသို့ အရင်ဝင်စေပြီး Wang Huo Lin၏မျက်နှာတွင် နူးညံ့ခြင်းတို့ ပြည်လျှံနေလေသည်။

ပုံနှစ်ပုံ၏ ကွားခြားချက်တွင် ထိုအမည်မသိကောင်လေးနှင့် စကားမပြောနေသော်ငြားလည်း အပြုမူတွေက နှစ်ခါပြန်စစ်စရာမလိုအောင် သိသာလှသည်။

ငါကနံပါတ်ဝမ်း /// " နတ်ဘုရားWangက ကွေးသွားပြီဆိုတာ ငါမယုံနိုင်ဘူး "

တလောကလုံး ငါအချောဆုံး/// " wth....ဒီလောက် ကြင်နာနေတဲ့ပုံက ရုပ်ရှင်ဘုရင်ကြီးရဲ့ စစ်မှန်ခြင်းတွေ ဘယ်မှာလဲ"

ရှိသမျှအဆင် ငါ့လင်/// " ကောင်ချောလေးရဲ့ အကောင့်လေး လင်းကြပါအုံး"

အစစ်မတွေဘေးဖယ် Shouလေးလာနေပြီ/// " ဒါဟာ ငါ့ရဲ့ CPပဲ"

ဗူးဆိုဖရုံမသီးတဲ့ သမီးအလိမ္မာလေး/// " ကောင်လေးက ဘယ်နယ်ပယ်ထဲကလဲ Keyboard teamရေ ကြိုးစားပေးပါအုံး"

Wang Huo Linက ငါ့ယောကျာ်း/// " အမလေး ငါရှပြီ၊ ငါရှပြီပေါ့ "

ကိုကြီးနဲ့မနီးစပ်မချင်း ကြိုးစားမယ်/// " ဒါမျိုးဆို ပျော်ပျော်ကြီး အရှခံပါတယ်ဟယ်... Wang Huo Linက ငါ့ယောကျာ်း +1 "

လောကမှာမိဘက အရေးကြီးဆုံး/// " ကျွန်တော်လည်းပဲ ထောက်ခံတယ်၊ Wang Huo Linက ငါ့ယောကျာ်း +2 "

Wangကောကောရင်ငွေ့ခုံလှုံနေတဲ့ အချောလေး/// " Wang Huo Linက ငါ့ယောကျာ်း +3"

မိဘလုပ်စားထိုင်စားနေတဲ့ငါ /// "ငါကတော့ အလျင်မလိုဘူး၊ ဒီအတွဲကို စောင့်ကြည့်အုံးမယ် "

ငါ့အချစ်က မျက်ပေတုံးလေး /// "မှန်တယ် မှန်တယ် စောင့်ကြည့်ကြမယ်၊ မိဘလုပ်စာထိုင်စားနေတဲ့ငါ +1 "

စုံစိနေအောင် တက်လာကြသည့် မန့်များက Wang Huo Linနှင့် Lu Yi Wan ရဲ့ သတင်းကို အမျိုးမျိုးပြောနေဆဲဖြစ်သလို အမည်မသိကောင်လေးနှင့် Wang Huo Lin၏အကြောင်းကလည်း တရှိန်ထိုး Hot search oneကို တက်သွားလေတော့သည်။

ပရိတ်သတ်များအနေဖြင့် တဖက်က မင်းသားမင်းသမီးစုံတွဲက လိုက်ဖက်မှုရှိကြောင်း နတ်ဘုရားWangက ဂေးစရာအကြောင်းမရှိကြောင်းပြောဆိုကာ ပို့စ်တင်သူကို ဝိုင်းဝန်းတိုက်ခိုက်ကြလေတော့သည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)जहाँ कहानियाँ रहती हैं। अभी खोजें