ကျော်ဇောနဲ့နီလာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြိုင်တူပြောလိုက်သည်။

"ဖြစ်စရာလား..."

"ဖြစ်စရာလားတဲ့...
မဖြစ်နိုင်ဘူးလို့တော့ မပြောဘူးနော်.."

"ဟုတ်ပါ့ ဟုတ်ပါ့.."

"တော်လိုက်တော့ မင်းတို့နဲ့စကားပြောဖို့အချိန်မရှိဘူး...
အိမ်ပြန်ရဦးမှာ.."

"ဘာလဲ? စောစောပြန်လာဖို့ပြောလိုက်လို့လား..."

"သူပြောရင်ငါကနားထောင်မှာတဲ့လား...
စကားများမနေနဲ့ ဟေ့ကောင်...
ငါ့တုတ်တုတ်ပါ ခြံထဲသွားထားပေး...
ခြံတံခါးသော့ကိုသေချာခတ်နော် သရက်ချိန်ဆိုတော့ လာခိုးခူးတယ်သူတွေရှိတယ်.."

"အေးပါကွာ မင်းခြံကိုဘယ်သူမှမထိရဲပါဘူး..
အပေါက်ဆိုးလွန်းတဲ့မင်းခြံနဲ့မင်းရဲ့ဘေးကခြံတွေကို ရွာထဲကလူတွေကကြောက်ပြီးသားပါ.."

"အပေါက်ဆိုးထားမှတော်ရုံကျမှာ..
သွားပြီကွာ သွားပြီ..."

ကျော်ဇောနဲ့နီလာတို့ကိုနှုတ်ဆက်ပြီး နောင်ထွက်လာခဲ့သည်။

"ကိုရှင်းသန့်ကိုလည်းကောင်းကောင်းဆဆက်ဆံနော်.." ဆိုတဲ့ နီလာ့ရဲ့အသံကြောင့် နောင်ပြန်ကြည့်လာပြီး...

"ငါ အကြီးကိုဝင်ပြောခဲ့ရမလား...
နီလာ ရည်းစားနဲ့ချိန်းတွေ့နေပါတယ်ဆိုပြီး.."

"နောင်နောင် ကောင်စုတ် ပြောလို့ကတော့ နင်မလွယ်ဘူးမှတ်.."

ပြန်အော်ပြောနေတဲ့နီလာ့ရဲ့အသံတွေကိုကျောခိုင်းလိုက်ပြီး အိမ်ကိုသာပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ သူ့ဘက်ကကောင်းကောင်းမွန်မွန်နေခဲ့ပေမယ့် ရာရှင်းသန့်က့်က အပြစ်ရှာလာသည်။ အပြောမတတ်တဲ့သူ့ကြောင့် ရာရှင်းသန့်ငိုသွားတာသိပေမယ့် သူမချော့တတ်။ စိတ်တိုတိုနဲ့ ရွှေဘူးကိုပစ်ပေါက်လိုက်သည်။ ဗီရိုဘေးကပ်ပြီး ထိုင်နေလိုက်သည်။ ဘာလုပ်လို့ လုပ်ရမလဲမသိ။ ရွာထဲကိုတခါမှမရောက်ဖူးဘဲနဲ့ ထွက်သွားတဲ့ရာရှင်းသန့့်် တစ်ခုခုများဖြစ်နေမလားဆိုပြီး သူနည်းနည်းတော့စိုးရိမ်သည်။ မြွေပါးကင်းပါးနဲ့ ဘယ်လိုများသွားနေမလဲမသိဘူး။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now